


Credit– Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော် မီးနို ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲဖြစ်ပါတယ်။ တော်လှန်ရေး တိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ မီးနိုကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေ တာပါ..။

မကြာခင်က သူမဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ ပြီး အားလုံးက စိတ်ပူပန် ခဲ့ကြရပါတယ်။ အဲ့နောက်ပိုင်းမှာလည်း လူမှုကွန်ယက်စာ မျက်နှာတွေ ထက်မှာ အချိန်တော်ကြာ ပျောက်ကွယ်နေတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ သူပြန်လည် လွတ်မြောက်လာပြီး ကတည်းက လိုင်းပေါ်မတက်ဖြစ် တဲ့ အကြောင်းတွေ ကို ရေးသားဖော်ပြလာပါတယ်..။

” မီးနို ပြန်လွတ်ပြီးတည်းက အနံ့ပျောက်တာရယ် နေမကောင်းဖြစ်နေတာမလို့ Page လေးမှာ သိပ် Active မဖြစ်ဘူးဖြစ်နေတာပါ..မီးနို က အခုနေပြန်
ကောင်းနေပြီဆိုတော့ အရင်လိုမျိုး လိုအပ်တဲ့နေရာတွေမှာ မီးနိုရဲ့ ပရိတ်သတ်မောင်နှမတွေနဲ့အတူ စုပေါင်းအလှူဒါနလေးတွေနဲ့ ပရဟိတအလုပ်လေးတွေလုပ်နိုင်ဖို့ အကောင်းဆုံးကြိုးစား သွားပါမယ်..မီးနိုလည်း ပရိတ်သတ်ကြီးကို အများကြီးလွမ်းနေပါတယ်..အားလုံးလည်း ကျန်းမာရေးအထူးဂရုစိုက်ကြပါရှင်. ” ဟုဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်..။

Photo – Mee No