

ပေးလိုက်ပါတယ်နော်..။

Source ; Sandy Myint Lwin Facebook Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင့်ဟာဆိုရင် ချစ်စရာကောင်းပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင် ဟာဆိုရင်အမိုက်စား သီချင်းလေးတွေများစွာနဲ့ ဆယ်ကျော်သက်လူငယ် တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်..။

စန္ဒီမြင်လွင် ကအဆိုဘက်မှာတင်ကျွမ်းကျင်ရုံမကပဲ သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ် တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရှိထားတာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာ ကောင်းလွန်းတဲ့သမီးလေးကိုလည်းပိုင်ဆိုင်ထားလို့ အားလုံးက အားကျနေရတာပါ။ ဒီကနေ့မှာဆိုရင်လည်း စန္ဒီမြင့်လွင်က ဖေဖေနဲ့ Tennis အတူတူဆော့ကစား နေတဲ့ သမီးလေး ထရက်ရှာကိုကြည့်ပြီး ချစ်မဝဖြစ်နေတာပဲဖြစ်ပါတယ်..။

“ အဖေက Tennis ကစားသမားဆိုတော့သမီးကလဲဝါသနာပါတာမဆန်းပါဘူးလေ 😅ဒီလိုအချိန်မှာကလေးတွေကိုအိမ်ထဲမှာပဲ ပျော်အောင်နေတက်အောင် စိတ် ချမ်းသာအောင်အတက်နိုင်ဆုံးထားရမှာပဲလေ 🤷 အားလုံးလဲကျန်းမာချမ်းသာဘေးဆိုးကပ်ဆိုးကြီးများမှလွတ်မြောက်နိုင်ပါစေ 🙏 ” ဟုဆိုပြီး သူမရဲ့လူမှုကွန် ယက်စာမျက်နှာမှာဖော်ပြထားတာပဲဖြစ်ပါတယ်။ ဖေဖေနဲ့အတူ Tennis ဆော့ကစားနေတဲ့ ထရက်ရှာလေးရဲ့ချစ်စရာပုံရိပ်လေးကို ပရိတ်သတ်ကြီးအချစ်တွေ ပို သွားအောင်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း
ပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms