


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလို သားဖြစ်သူ မင်းမော်ကွန်း က လည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာ လည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရော သားဖြစ် သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေ လည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး..။

မင်းသားမင်းမော်ကွန်းကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေ ဆဲပဲ ဖြစ်ပါတယ်။ နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲ။ တော် လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန် းဟာလောလောဆယ်မှာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေတယ်လို့ လည်း သိရှိရပြီး သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကို တွန်းလှန်နေတာပဲဖြစ်ပါတယ်..။

မနေ့က ၈၈ ရဲ့အရေးအခင်း နှစ်ပေါင်း ၃၃ နှစ်ပြည်တဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက် နေရာကွက်ကြားမှာ ပြည်သူတွေကဆန္ဒတွေဖော်ထုတ်ခဲ့ကြပါတယ်. ဒါ့ကြောင့်လည်း မင်းမော်ကွန်းက ” ၈၈၈၈ မှ ၈၈၂၁ ထိသူရဲကောင်းအားလုံးကိုလေးစားပါသည် ” ဟုဆိုပြီးရေးသားထားပါတယ်။ မင်းမော်ကွန်းရေးသားထားတဲ့ ပို့စ်အောက်မှာ လည်း အားပေးစကားများနဲ့အတူ ရေးသားပြီးအားပေးထားကြပါတယ်။ ဒီသတင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်
သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit