ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္အိျႏၵာေက်ာ္ဇင္ ကေတာ့ေတာ္လွန္ေရးႀကီးမွာျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကပါဝင္ၿပီးလမ္းထြက္ကာ လူ ထုလႈပ္ရွားမႈေတြမွာအားတက္သေရာပါဝင္လႈပ္ရွားခဲ့ပါတယ္။ အားတက္သေရာပါဝင္ခဲ့တဲ့အတြက္ေၾကာင့္ ပုဒ္မ ၅၀၅ (က) နဲ႔မတရားအမႈဖ့္င့္ထားျခင္းခံရၿပီးမိသားစု မ်ားကိုၿခိမ္းေျခာက္ကာသ႐ုပ္ေဆာင္ေျပတီဦး ၊ေမတိုးခိုင္ တို႔နဲ႔အတူေနအိမ္မွာပဲမတရားအဖမ္းဆီးထိန္းသိမ္းခံလိုက္ရပါတယ္..။

ၿပီးခဲ့တဲ့ဇြန္လ ၃၀ ရက္ေန႔မွာေတာ့သ႐ုပ္ေဆာင္ေမတိုးခိုင္ ကျပန္လည္လႊတ္ေျမာက္လာခဲ့ၿပီး သ႐ုပ္ေဆာင္ေျပတီးဦးနဲ႔အိျႏၵာေက်ာ္ဇင္ တို႔ကယေန႔ထိျပန္လည္လႊတ္ ေျမာက္လာျခင္းမရွိေသးပါဘူး။ အခုတစ္ခါမွာဆိုရင္လဲေမတိုးခိုင္ကအေဒၚျဖစ္သူအိျႏၵာေက်ာ္ဇင္နဲ႔ပတ္သတ္တဲ့သတင္းအမွားေတြထပ္မျဖန္႔ဖို႔ကိုအခုလိုေျပာၾကား လာခဲ့ပါတယ္..။

ေမတိုးခိုင္ ကအေျခအျမစ္မရွိတဲ့သတင္းေတြေက်းဇူးျပဳ၍မတင္ပါနဲ႔၊ မရွယ္ၾကပါနဲ႔ ၊ခ်င့္ခ်ိန္ၿပီးယုံေပးၾကပါရွင့္၊ မိသားစုအတည္မျပဳသ၍ဘာမွမယုံၾကပါနဲ႔ ၊အူ၀ဲလည္း ဘာမွမျဖစ္ပါဘူးဆိုၿပီးေတာ့ သူမရဲ့ InstagramStory မွာေရးသားေဖာ္ျပထားတာပဲျဖစ္ပါတယ္။ စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္ေဖာ္ျပေပး လိုက္ပါ တယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်အိန္ဒြာကျော်ဇင် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာ လူ ထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်။ အားတက်သရောပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅ (က) နဲ့မတရားအမှုဖ့်င့်ထားခြင်းခံရပြီးမိသားစု များကိုခြိမ်းခြောက်ကာသရုပ်ဆောင်ပြေတီဦး ၊မေတိုးခိုင် တို့နဲ့အတူနေအိမ်မှာပဲမတရားအဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်..။

ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့မှာတော့သရုပ်ဆောင်မေတိုးခိုင် ကပြန်လည်လွှတ်မြောက်လာခဲ့ပြီး သရုပ်ဆောင်ပြေတီးဦးနဲ့အိန္ဒြာကျော်ဇင် တို့ကယနေ့ထိပြန်လည်လွှတ် မြောက်လာခြင်းမရှိသေးပါဘူး။ အခုတစ်ခါမှာဆိုရင်လဲမေတိုးခိုင်ကအဒေါ်ဖြစ်သူအိန္ဒြာကျော်ဇင်နဲ့ပတ်သတ်တဲ့သတင်းအမှားတွေထပ်မဖြန့်ဖို့ကိုအခုလိုပြောကြား လာခဲ့ပါတယ်..။

မေတိုးခိုင် ကအခြေအမြစ်မရှိတဲ့သတင်းတွေကျေးဇူးပြု၍မတင်ပါနဲ့၊ မရှယ်ကြပါနဲ့ ၊ချင့်ချိန်ပြီးယုံပေးကြပါရှင့်၊ မိသားစုအတည်မပြုသ၍ဘာမှမယုံကြပါနဲ့ ၊အူဝဲလည်း ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ သူမရဲ့ InstagramStory မှာရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေး လိုက်ပါ တယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit