


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ ကိုယ်လုံးကိုယ်ပေါက် အရမ်းလှလွန်းလို့ ပုရိသတွေ ငေးယူနေရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကိုတော့ အားလုံးသိကြ မယ် ထင်ပါတယ်။ မအေးသောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းဟာ နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ် ခံရဖူးသူပါ။ အခုတော့လည်း ၅၀၅ ဖျက်သိမ်းခံရတဲ့ အနုပညာရှင်(၂၄) ဦးတွင် မအေးသောင်းပါခဲ့ပါတယ်..။

ဆိုရှယ်မီဒီယာတွင် ပျောက်နေပေမယ့်လည်း ချစ်သူရဲ့ မွေးနေ့ကိုတော့ မမေ့မလျော့ဆုတောင်းပေးလာခဲ့ပါတယ်။ မအေးသောင်းဟာ ချစ်သူရဲ့ မွေးနေ့အတွက် ကိတ်မုန့်လေး လက်ဆောင်ပေးခဲ့ပြီး မအေးသောင်းရဲ့ Instagram တွင် happy birthday my love လို့ ရေးသားပြီး မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်..။

အေးဝတ်ရည်သောင်းရဲ့ ချစ်သူဟာ မန္တလေးမြို့တွင် နေထိုင်ပြီး Remax ဆိုင်ရှင်လို့ သိရပါတယ်။ မနှစ်ကချစ်သူရဲ့မွေးနေ့မှာ မအေးသောင်းကိုယ်တိုင် ကောင် လေးရှိကြောင်း ဝန်ခံခဲ့တာကြောင့် ယောကျာ်းလေးပရိသတ်တွေ အသည်းကွဲခဲ့ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး
တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit