


Credit – Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို နှစ်အတော်ကြာ ပိုင်ဆိုင်ရယူထားတဲ့ လူရွှင်တော် ဦးမေတ္တာကတော့ မကြာခင်က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်းသွားတာဖြစ်ပါတယ်။ ဦးမေတ္တာရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ အခုထိ အရမ်းဝမ်းနည်းနေကြဆဲပဲဖြစ်ပါတယ်..။

ဒါကြောင့် ကျန်ရစ်သူမိသားစုဝင်တွေကလည်း ဦးမေတ္တာအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးလျက်ရှိတာ ဒီကနေ့အထိပါပဲ။ ယနေ့ ဝါခေါင် လပြည့်နေ့မှာလည်း ဖခင်ကြီး ကို ရည်စူးပြီး ကောင်းမှုအလှူတွေ ပြုလုပ်ပေးခဲ့ပြန်ပါတယ်..။

အလှူပုံရိပ်တွေနဲ့အတူ ဖခင်နဲ့ ပတ်သက်ပြီး ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြထားပါသေးတယ်။ ” ယနေ့ ဝါခေါင်လပြည့်နေ့ မှာ လှူဖြစ်တဲ့ မိသားစုအလှူတော်လေး…. ပြန်မလာနိုင်တော့တဲ့ ခရီးကို ဖေဖေထွက်သွားတာ ဒီနေ့နဲ့ဆို ၂၃ရက်တောင်ရှိသွားပီ ကိုမေတ္တာလို့ အဖေ့ကို ခေါ်ကြတဲ့ နာမည်လေးအတိုင်း ညီလေးမေတ္တာရေ သားလေးမေတ္တာရေဆိုပီး အဖေ့ကိုချစ်ကြတဲ့ မိသားစုပရိသတ်တွေက စာလေးတွေပို့ပီး စိတ်ဓာတ်မကျဖို့ အားမငယ်ဖို့ အားပေးစကားတွေလာပြောကြတယ် အဖေ အဖေရှိနေသလို ခံစားရတယ် သတိရတယ်ဖေဖေရယ်……အလုပ်တွေပြန်လုပ်ရတဲ့အချိန် ပွဲတွေပြန်ကကြတဲ့အချိန်ကျ စင်ပေါ်တက်တိုင်း အဖေ့ကိုသားမျှော်နေမယ်နော် ချစ်တယ်…..ဖေဖေ ” ဟုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Myitthar Myint Myat Hein