


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ မော်ဒယ်တို့ရဲ့ မိခင်ကြီး ဂျွန်လွင်ကတော့ အနုပညာရှင်တော်တော်များများရဲ့ ဆရာတစ်ယောက်လို့တော့ လူတိုင်းကသိထားကြပါ တယ်။ ဂျွန်လွင်ကတော့ ဖေ့ဘုတ် စာမျက်နှာထက်မှာ တစ်ခါတစ်လေလည်း ပွဲတောင်းလွန်းလို့ သူ့အတွက်ဝေဖန်ခံရမှုဆိုတာကတော့ ရိုးအီနေပါပြီ။ ဂျွန်လွင် ကတော့လက်ရှိမြန်မာနိုင်ငံအရေးနဲ့ပက်သက်လို့တော့ ပါးစပ်မပါတဲ့လူတစ်ယောက်လိုဖြစ်နေပါပြီ..။

နွေဦးတော်လှန်ရေး အစပိုင်းမှာ ရှေ့ဆုံးက ထွက်ပြီးဆန္ဒပြခဲ့သူပါ။ သတိပေးခြင်းခံရပြီး နောက်ပိုင်း မှာတော့ တော်လှန်ရေးနဲ့ ပတ်သက်တာမှန်သမျှလုံးဝကို အသံမထွက်တော့ဘဲ ရေငုံနှုတ်ပိတ်နေနေတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလောက်ကလည်း အင်တာဗျူးတစ်ခုတွင် ဒီအခြေအနေတွေကြောင့်ပြည်သူတွေ ထမင်းငတ် မှာ စိုးတယ်ဆိုကာ ငိုကြီးချက်မနဲ့ ဖြေခဲ့ပါသေးတယ်။ ဒရမ်မာတွေ ချိုးခဲ့စဉ်ကတော့ ပရိသတ်တွေက အတော်လေးကို သနားခဲ့ကြပါသေးတယ်..။

အခုဆိုရင် သူ့ကို တိုက်ခိုက်ဖို့ page ထောင်ထားတဲ့ လူတွေကို အခုလိုပဲ ပြောလာပါတယ် “ Social media ပေါ်မှာကိုယ်အမြံရှိဖို့ကအရေးကြီးတယ် ပေါက် အောင်တခုပြီးတခုလုပ်ပြမယ် အောက်ကစာလေးလဲ media ပေါ်တင်ပေးပါအုံး လူတွေကိုတရားကျသွားပြီကိုယ်တွေကတော့ကူညီလိုက်ရတာ ငွေအင်အားလူအင် အားဝန်ထမ်းတွေမပါမကျန်ကိုယ်အလှည့်ကြတော့ အမုန်းမခံချင်ကြ အောက်တန်းစားမို့လစ်လျူရှုလိုက်ပါ ချေထားလိုက်ပါစသဖြင့်ပေါ့ အေးအေးနားလည်ပါတယ် ငါလဲလစ်လျူရှုတဲ့တရားစကျင့်နေတယ်တရားပေါက်ရင်ပြောပြမယ်.. လို့ ဖော်ပြရေးသားလာခဲ့ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်
ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

crd