


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် ကူးစက်ပျံ့နှံ့မှုတွေကများပြားလာပြီး ရောဂါပြင်းထန်မှုကြောင့်အသက် ပေါင်းများစွာဆုံးရှုံးနေရပါတယ်။ ရောဂါကူးစက်ခံရတဲ့သူတွေထဲမှာဆိုရင်အဆိုတော် ချစ်သုဝေ ရဲ့ဖခင်ကြီဖြစ်တဲ့ဦးဇော်ဝင်းလဲအပါအဝင်ပဲဖြစ်ပါတယ်..။

သြဂုတ်လ (၂၃) ရက်နေ့မှာဆိုရင်တော့အဆိုတော် ချစ်သုဝေ ရဲ့ဖခင်ကြီးဖြစ်တဲ့ဦးဇော်ဝင်းက ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့်ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ မိ သားစုများနဲ့ထပ်တူဝမ်းနည်းရပါတယ်။ သရုပ်ဆောင်ခိုင်သင်းကြည် ကလဲချစ်သုဝေရဲ့ဖခင်ကွယ်လွန်တာနှင့် ပတ်သတ်၍သူမရဲ့ခံစားချက်တွေကိုပြောပြလာခဲ့တာပဲဖြစ် ပါတယ်..။

ခိုင်သင်းကြည် ကမိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်၊ ထရီဇာရေအရမ်းခံစားနေရမယ်ဆိုတာသိပေမဲ့ အားတင်းထားပါနော်ဆိုပြီးတော့ သူမရဲ့ FacebookStory မှာဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ချစ်သုဝေရဲ့ဖခင်ကြီးလဲ ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးရင်း ဒီသ တင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါရပါတယ်နော်..။

credit