


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော်ရွှေရည်သိန်းကတော့ ပြီးခဲ့တဲ့လပိုင်းတွေကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက် နဲ့လိုက်ဖက်လွန်းလို့အားလုံးကချစ်ခင်ကြတဲ့ သူမတို့ဇနီးမောင်နှံကတော့အလှူအတန်းတွေကိုလည်း ရက်ရောစွာပြုလုပ်တတ်ကြတာ တွေ့ရပါတယ်။ ဘဝကိုရိုးရှင်း အေးချမ်းစွာ ဖြတ်သန်းလာခဲ့ပေမယ့် သေခြင်းတရားက ခွဲခွာသွားခဲ့တဲ့အတွက် အခုဆိုရင်တော့ ခင်ပွန်းကိုလွမ်းဆွတ်နေတဲ့ သတိရစိတ်ကြောင့် သူမတစ်ယောက် တည်းဝမ်းနည်းနေရတာ ဖြစ်ပါတယ်..။

သိပ်ချစ်ရတဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနာကျင်နေရတဲ့ သူမကို မိတ်ဆွေသူငယ်ချင်းတွေကလည်း အားပေးနှစ်သိမ့်ရင်း ထပ်တူစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကြီးနဲ့ ခွဲခွာသွားခဲ့ရတဲ့ခင်ပွန်းဖြစ်သူ ကောင်းရာသု ဂတိလားစေဖို့ကိုလည်း ရွှေရည်သိန်းတန်က တတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ အေးအတူပူ အမျှ အတူဖြတ်သန်းလာတဲ့ ခင်ပွန်းဖြစ်သူက နောက်ဆုံးအနေနဲ့ ပေး သွားခဲ့တဲ့ လက်ဆောင်လေးနဲ့ ပတ်သက် ပြီးတော့လည်း ရင်ဖွင့်ပြောပြ လာပါတယ်..။

သူမတို့ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးလက်ဆောင်လေးကို ကြည့်ပြီး နှလုံးတွေအောင့်တဲ့ အထိ နာကျင်ခံစားနေရတာတွေကို စိတ်မကောင်းစွာ ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ အိုမင်းတဲ့အချိန်ထိ အတူမရှိနိုင်တော့တဲ့ ခင်ပွန်းဖြစ်သူရဲ့ အမှတ်တရ လေးကို ပြန်လည်သတိရတမ်းတနေရှာတဲ့ ရွှေရည်သိန်းတန်ရဲ့ နာကျင် မှုတွေကို စာနာနားလည်ကြမှာပါ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာ
ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit