Source: Wai Lu Kyaw
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းတွေကိုသူရဲ့အသင်းသားများနဲ့ပူပေါင်းပြီး နေ့စဉ်ရက်ဆက်ကိုပြုလုပ်ပေးနေပါ တယ်။ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေကြတဲ့ပြည်သူများကို ဝေလုကျော်ကကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုပြီး အတတ်နိုင်ဆုံးကူညီထောက်ပံ့ လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီးတော့ကူးသ်ပျံ့နှံ့မှုတွေကြောင့်အောက်ဆီဂျက်မလုံလောက်မှုကြောင့် အသက်တွေဆုံးရှုံးနေရတာ ဖြစ်ပါတယ်..။
အသက်ဆုံးတဲဲ့အထဲမှာလည်း အနုပညာရှင်တွေအပါအဝင် အသက်ပေါင်းများစွာဆုံးရှုံးနေရတာဖြစ်ပါတယ်။ မကြာသေးခင်ကရောဂါကူးစက်ခံရတဲ့ သူတွေထဲမှာဆို ရင်သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်ကြီးအပါအဝင်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းကဆိုရင်ပြေတီဦးရဲ့ ဖခင်ကြီးကအောက်ဆီဂျင်အရေးပေါ်လိုအပ်နေတယ်လို့ကြား သိရပါတယ်။ နောက်ဆုံးမှာတော့ အသက်ဆုံးရှုံးသွားရတာဖြစ်တာကြောင့် ပရိသတ်တွေလည်း အဖမ်းခံထားရတဲ့ပြေတီဦးနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါသေး တယ်..။
ဒီနေ့လေးမှာတော့ မင်းသားဝေဠုကျော် ကသူရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ လူတိုင်းကမထင်မှတ်ထားတဲ့အကြောင်းအရာတစ်ခုကိုရေးသားလာခဲ့ပါတယ်။ အဲဒါက တော့ မင်းသားပြေတီဦးရဲ့ဖခင်သေဆုံးမူကိုမိခင်ဖြစ်သူက မသိသေးတဲ့အကြောင်းကိုပြောပြလာပါတယ်။ ပြေတီဦးရဲ့ မိခင်က သွေးတိုးရောဂါနဲ့အခြားရောဂါတွေ လည်း ခံစားနေရတာကြောင့် မိသားစုကလည်း ခုချိန်ထိအသိမပေးသေးတဲ့အကြောင်းကို ရေးသားလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေးကိုအထူး ဂရုစိုက်ကြပါ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော်..။
Credit