ပရိသတ္ႀကီးေရ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဆင္မ ကေတာ့က်ရာဇာတ္႐ုပ္ေတြမွာပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ၿပီ းဟာသညဏ္႐ႊင္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ဆင္မ ကေတာ့႐ုပ္ရွင္ဇာတ္ကားႀကီးေတြထိပါပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့ၿပီးပရိသတ္အားေပးမႈရေနတဲ့ဇာတ္ပို႔သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္…။

ဒါအျပင္ဆင္မကေတာ့စစ္အာဏာသိမ္းတာကိုကန္႔ကြက္ၿပီးလမ္းမေပၚထိထြက္ကာဆႏၵထုတ္ေဖာ္ခဲ့ေသးပါတယ္။ေနာက္ပိုင္းမွာဆင္မကလူမႈကြန္ရက္စာမ်က္ႏွာကေန speak out လုပ္႐ုံသာမကစစ္အာဏာရွင္ကိုဆန္႔က်င္ဖို႔လည္းလႈံေဆာ္ခဲ့ပါေသးတယ္။ဆင္မ ကို ပုဒ္မ၅၀၅ကနဲ႔ဖမ္းဝရမ္းမထုတ္ခဲ့ေပမယ့္မေန႔ကညေနအိမ္မွာကို ဖမ္းဆီးခံခဲ့ရတာလည္းျဖစ္ပါတယ္….။

သ႐ုပ္ေဆာင္ ဆင္မ ဖမ္းဆီးခံရတာနဲ႔ပတ္သတ္ၿပီး သ႐ုပ္ေဆာင္ဒါ႐ိုတ္တာကိုေပါက္ ကအခုလိုေပါက္ကြဲေျပာျပလာပါတယ္။ကိုေပါက္ က ခင္ဗ်ားႀကီးက်ဳပ္စကားကိုလုံးဝနားမေထာင္ဘူးဗ်ာဆိူၿပီးေျပာျပလာတာျဖစ္ပါတယ္။ဒါအျပင္ဒါ႐ိုတ္တာသည္ေခတ္ေနကလည္းစိုးရိမ္လို႔ကြၽန္ေတာ္အိမ္ေ႐ႊ႕ဖို႔ေျပာခဲ့ပါတယ္ကိုဆင္ရယ္ဆိုၿပီးမွ်ေဝလာ တာဘဲျဖစ္ပါတယ္…။

Credit

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ဆင်မ ကတော့ကျရာဇာတ်ရုပ်တွေမှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီ းဟာသညဏ်ရွှင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဆင်မ ကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေထိပါပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီးပရိသတ်အားပေးမှုရနေတဲ့ဇာတ်ပို့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်…။

ဒါအပြင်ဆင်မကတော့စစ်အာဏာသိမ်းတာကိုကန့်ကွက်ပြီးလမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့သေးပါတယ်။နောက်ပိုင်းမှာဆင်မကလူမှုကွန်ရက်စာမျက်နှာကနေ speak out လုပ်ရုံသာမကစစ်အာဏာရှင်ကိုဆန့်ကျင်ဖို့လည်းလှုံဆော်ခဲ့ပါသေးတယ်။ဆင်မ ကို ပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းမထုတ်ခဲ့ပေမယ့်မနေ့ကညနေအိမ်မှာကို ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်….။

သရုပ်ဆောင် ဆင်မ ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး သရုပ်ဆောင်ဒါရိုတ်တာကိုပေါက် ကအခုလိုပေါက်ကွဲပြောပြလာပါတယ်။ကိုပေါက် က ခင်ဗျားကြီးကျုပ်စကားကိုလုံးဝနားမထောင်ဘူးဗျာဆိူပြီးပြောပြလာတာဖြစ်ပါတယ်။ဒါအပြင်ဒါရိုတ်တာသည်ခေတ်နေကလည်းစိုးရိမ်လို့ကျွန်တော်အိမ်ရွှေ့ဖို့ပြောခဲ့ပါတယ်ကိုဆင်ရယ်ဆိုပြီးမျှဝေလာ တာဘဲဖြစ်ပါတယ်…။

Credit