


Crdeit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နန်းမြတ်ဖြိုးသင်း ရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ မနက်ဖြန်မှာဆိုရင်တော့ ကိုတာတာမျိုး ဘဝတစ်ပါးကို ကူးပြောင်းသွားတာ (၇)ရက်ပြည့် ရက်လည်ပြုလုပ်ရမယ့် နေ့ရက်လေးပဲဖြစ်ပါတယ်…။

ကိုတာတာမျိုး ဆုံးပါးကွယ်လွန်သွားကတည်းက မိတ်ဆွေအပေါင် းသင်းတွေက ကိုတာတာမျိုးအတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြပါသေးတယ်။ အခုလို သူ့ရဲခင်ပွန်အတွက် ကောင်းရာဘုံဘဝရောက်စေဖို့ စိတ်ရင်းစေတနာအမှန်နဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးကြတဲ့အတွက် နန်းမြတ် က “မနက်ဖြန်ဆိုရက်လည်ပါပြီ။ အလှူပြုပေးကြသူအားလုံးကိုကျေးဇူး အများကြီးတင်ပါတယ်…။

သူလည်းကောင်းရာဘုံဘဝ ကနေသာဓုခေါ်နေမှာပါ”ဆိုပြီး ကျေးဇူးတင်ကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒီလိုမျိုး ကုသိုလ်တွေပြုလုပ်ပေးတဲ့ မိတ်ဆွေကောင်းတွေကြောင့် ကိုတာတာမျိုးလည်း ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမှာပါပဲနော်…။

Crdeit ; CeleZone
Source – Nan Myat Phyoe Thin