


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်သဇင်ထူးမြင့် ကတော့သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလို့အများကသိကြပြီး အကယ်ဒမီရွှေကြိုတွေမှာပါဝင်လာရင်း ချစ်စရာကောင်းတဲ့အမူအရာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်။ သဇင်ထူးမြင့်ကတော့ အလှူအတန်းတွေမှာလဲ မိသားစုလိုက် ရက်ရက်ရောရောရှိပြီးပြုလုပ်တတ်သေးပါတယ်..။

သဇင်ထူးမြင့်ကတော့တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူအမှန်တရားဘက်က တစ်သားတည်းပါဝင်ပြီး လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက် သရောပါဝင်ခဲ့ပါတယ်။ အခုတစ်ခါမှာဆိုရင်လဲသဇင်ထူးမြင့်ကတစ်ယောက်တည်း စိတ်ဓာတ်ကျနေတာကို မနည်းရင်ဆိုင်နေရကြောင်း ကိုပြောပြလာခဲ့တာ ပဲဖြစ် ပါတယ်။ သဇင်ထူးမြင့်ကအရာရာအဆင်မပြေတဲ့ ကာလကြီးမှာအေးဆေးလေးတော့ပေးနေကြပါ၊

တောင်းပန်ပါတယ် ၊တစ်ယောက်တည်းစိတ်ဓာတ်ကျနေတာတွေကိုမနည်း ရင်ဆိုင်နေတာပါ ၊ကြားထဲကလိုက်ဖြေရှင်းလိုက်တောင်းပန်နေရတာမောလှပြီ၊ အသက် ဝဝရှုပါရစေ။ အလုပ်တွေနားထားတာ ၂ လပိုင်းထဲကပါ၊ ကိုယ်ပိုင်ဘဝမှာစိတ်ပင်ပန်းမှုအပြည့်ရှိနေတာမို့ ထပ်တောင်းပန်အောင်မလုပ်ကြပါနဲ့ ၊တစ်ယောက်ထဲပြို လဲကျရုံကလွဲပြီး မရှိတာမို့ပါဆိုပြီးတော့သူမရဲ့ FacebookStory မှာဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်။ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော်..။

Credit