


Source: Sandy Myint Lwin

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော် စန္ဒီမြင့်လွင်ကတော့ အသံပါဝါကောင်းကောင်းနဲ့အသည်းကွဲသီချငိးတွေကို လိုက်ဖက်ညီအောင် သီဆိုတတ်တဲ့အ ပြင် မြန်မာဇာတ်ကားတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ အဆိုလည်း ကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သူမကတော့ ခုချိန်ထိကို ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားဆဲ ပါပဲ..။

အနုပညာလမ်းကြောင်းမှာလည်း ပါရမီပါသူလေးဖြစ်သလို သူမအိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ရပြီးသည်အထိ သူမကို ချစ်ပေးကြတဲ့ ပရိသတ်တွေက လည်း အများအပြားပါပဲ။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင် (ထရက်ရှာ)လေး ကတော့ မွေးစကတည်းက ချစ်မွှေးပါတယ်လို့ ဆိုရလောက်အောင် ပရိသတ် တွေ ရဲ့ ခစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေးပါ။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်း တူ တာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တုန်အောင်ချစ်နေရတာ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းလွန်း လှတာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေကြရပါသေးတယ်..။

မမေစန္ဒီမြင့်လွင် ကလည်း လူမှုကွန်ရက် စာ မျက်နှာကနေ သမီးလေးကို ချစ်တဲ့ ပရိသတ်တွေအတွက် ထရက်ရှာလေးရဲ့ ချစ်စဖွယ် အပြုမှုလေးတွေ ပြုလုပ်တဲ့ အခါ ဗီဒီယိုရိုက်ပြီး အမြဲလိုလို မျှဝေလေ့ရှိပါ တယ်။ မကြာသေးခင်ကမှ ထရက်ရှာလေးက အသက် ၂ နှစ်ပြည့်ပြီးတာ ဖြစ်ပေမဲ့ အရမ်းကိုလည်တဲ့ သမီးလေးကို လည်းအားလုံးက ဝိုင်းချစ်နေကြတာ ဖြစ်ပါ တယ်။ ဒီနေ့လေးမှာတော့ မေမေဒီဒီးက သမီးလေးနဲ့အတူ ကြော်ငြာရိုက်ထားတဲ့ ပုံလေးတွေကိုတင်ပေး လာတာ ဖြစ် ပါတယ်။ ” အဖြူရောင်သားအစ်ဖ 🤍🤍🤍 ဇန်နဝါရီလကုန်တုန်းကရိုက်ခဲ့တဲ့ကြော်ငြာ ရိုက်ကွင်း နောက်ကွယ်က သူတို့သားအဖ selfie လေး အမှတ်တစ်ရ တင်လိုက်ပီ 🤍🤍🤍 အော် ၇ လတောင်ရှိသွားပီပဲ❤️‍🩹 ” ဟုဆိုပြီးရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ထရက်ရှာလေးရဲ့ချစ်စရာကောင်းတဲ့ ပုံ လေးတွေကို ‌ကြည့်ပြီး ပျော်ရွှင်ပါစေ။ ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်နော်..။

Credit