


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်စိုးပြည့်သဇင်ကတော့အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်မှာအကောင်းဆုံး သရုပ်ဆောင် နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ကသရုပ်ဆောင်ကောင်းတဲ့အပြင် အသံ ပါဝါအေးအေးလေးနဲ့တေး သီချင်းကောင်းများစွာကိုလဲတီဆိုထားတဲ့ အဆိုတော်ကောင်းတစ်ယောက်လဲဖြစ်ပါသေးတယ်..။

စိုးပြည့်သဇင်ကတော့တော်လှန်ရေးကြီးမှာ လဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကတစ်သားတည်းပါ ဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအား တက် သရောပါဝင်ခဲ့ပါတယ်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်စိုးပြည့်သဇင်က သူမကိုယ်တိုင်ချက်ထားတဲ့ဟင်းချက်လေးတွေကို အခုလိုထုတ်ကြွားလာခဲ့တာပဲဖြစ် ပါ တယ်..။

စိုးပြည့်သဇင်ကဟင်းချက်တဲ့ ဝါသနာလေးကမေမေ့ဆီကရတာပါ ၊အားတဲ့ချိန်လေးတွေဆိုချက်တယ်၊ မုန့်တွေလုပ်ဖြစ်တယ်၊ မိသားစုကိုလည်းကောင်းကောင်းလေး ချက်ကျွေးချင်တယ်။ စားစေချင်တယ်၊ ပုံလေးတွေအမှတ်တရလာသိမ်းတာပါရှင် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံများနှင့်တကွရေးသား ဖော်ပြ ထားပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော်..။

Credit