Source: Nhying Shin
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားသလို စကား ပြောပွင့်လင်းတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုအားပေးနေကြတာလည်း ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်း ကတည်းကလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။နှိုင်း ယှဉ်မြင့်မိုရ်က သူမရဲ့ရပ်တည်ချက်နဲ့ပက်သက်ပြီးလည်း ပြတ်ပြတ်သားသားဆုံးဖြတ်လေ့ရှိတာကြောင့် သူမရော သူမရဲ့အမျိုးသားပါ ရုပ်ရှင်အစည်းအရုံးကနေနှုတ် ထွက်ထားကြတာဖြစ်ပါတယ်..။
သူမတို့လင်မယားနှစ်ယောက်စလုံးကတော့ အနုပညာအလုပ်တွေ ခဏရပ်နားထားရချိန်မှာ လုပ်ငန်းရှင်တွေကလာငှားကြတဲ့ Live Sales လေးကို လုပ်ကိုင်နေ တာဖြစ်ပါတယ်။ အလုပ်တိုင်းကို စေတနာပါပါနဲ့လုပ်ဆောင်ပေးတဲ့ နှိုင်းယှဉ်ကို လုပ်ငန်းရှင်တွေကလည်း ချစ်ကြလို့ အမြဲငှား ကြပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကအဆင် ပြေအာင်ပြောဆိုတတ်ပြီး ဈေးအရမ်းရောင်းတတ်လို့ ပရိသတ်တွေက သူမကိုလေးစားချီးကျူးနေကြတာဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ အခုလိုကာလမှာတောင် အ လုပ်တွေမနားတမ်းလုပ်ဆောင်နေရပြီး စီးပွားရေးကိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ နှိုင်းယှဉ်က ” စိတ်နာရင်လည်း ပိုက်ဆံရှာပါ ..မခံ ချင်ရင်လည်း ပိုက်ဆံရှာပါ.. စုပါ ..ပိုက်ဆံဟာကိုယ့်ရဲ့မျက်နှာပွင့်ဆေး ” ဟုဆိုပြီး ရေးသားထားတဲ့ပို့စ်အောက်မှာ မျက်နှာပွင့်ချင်တဲ့အကြောင်း စျေးလည်း ပြန်ရောင်းချင်နေပြီဖြစ်တဲ့အကြောင်းတွေကို ပြန်လည်ရေးသားထားခဲ့ပါတယ်..။
ပြည်သူတွေနဲ့အတူ ရပ်တည်ရင်းလွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့အစ်ကိုဖြစ်သူအတွက်လည်း နှိုင်းယှဉ်က ပြန်လည်အားပေးစကားပြောထားရင်း ပရိသတ် တွေကလည်း အားပေးစကားတွေပြောပေးထားကြပါသေးတယ်။ပရိတ်သတ်ကြီးအားလုံးလည်း ညီနန္ဒအတွက်အားပေးစကားလေးတွေ ပြောသွားပေးကြပါဦး။ဖတ်ရှူ့
ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit