unicode
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြီးခဲ့တဲ့ သြဂုတ် လ (၂၄) ရက်နေ့ ညပိုင်းမှာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့ သရုပ်ဆောင် ဆင်မကို ဘယ်မှာ ဖမ်းဆီးထား တယ်ဆိုတာ မသိရေသးသလို အဆက်အ သွယ်လ ည်း မရသေး ဘူးလို့မိသားစုဝင်တွေကပြောပါတယ်။ ” လာဖမ်းတုန်းကတော့ အင်အားတော် တော်များတယ်။ ကိုဗစ်ကာလ ဆိုတော့ဘယ်မှ လည်း ပြောင်းနေလို့မရဘူးလေ။ ညဘက်ကြီးစစ်ကားတွေလာတာတောင်ကို ဆင်မက ဘယ် သူတွေကို လာဖမ်း ပြန်ပြီလဲ မသိဘူးဆို ပြီးစိုးရိမ်နေတာ။ သူ့ကိုလာ ဖမ်းတယ် လို့ကိုမထင်တာ။ တိုက်ကိုအရှေ့အေနာက်ဝိုင်းပြီးဖမ်းတာပါ..။
ဧည့်စာရင်း စစ်တယ်ဆိုပြီး ဝင်လာပေမယ့်အိမ်ထဲကိုနေရာအနှံ့ရှာတယ် ၊ခွေးတွေအူလို့ပစ်ဖို့ထားထားတဲ့ လေးခွတစ်ခုသိမ်းတယ်။ ဝါယာကြိုးသေးသေးလေးလည်း သိမ်းတယ်။ ဧည့်စာရင်းတိုင်ထားလားမေးပြီး အဝတ်အစားနည်းနည်းထည့်ပြီး လိုက်ခဲ့ဆိုပြီးခေါ်သွားတာပဲ။ အခုထိဘယ်မှာထားတယ်ဆိုတာ အဆက်အသွယ်မရပါ ဘူး။ ဘာလုပ်လို့လုပ် ရမှန်းလည်းမသိဘူး “ လို့ သရုပ်ဆောင် ဆင်မရဲ့ဇနီးကဘီဘီစီကိုပြောပါတယ်..။
သရုပ်ဆောင် ဆင်မ ဟာဖေဖော်ဝါရီလမှစတင်ပြီး ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွေမှာပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့အိမ်မှာပဲနေထိုင်ကာ လှုပ်ရှားမှုတွေထဲပါဝင်တာ မရှိဘူးလို့ မိသားစုတွေကပြောပါတယ်။ ဒါ့အပြင်နောက်ပိုင်းရုပ်ရှင်အစည်း အရုံးက အမှု ဆောင်ရွေး ချယ်ပွဲမှာ ပြည်သူေ တွစိတ်ဆင်းရဲနေချိန်နဲ့ အနုပညာရှ င်တွေ ဖမ်းဆီးခံရချိန်မှာအစည်းအရုံးမှာ မပါဝင်နိုင်ဘူး ဆိုတဲ့ခံယူချက် နဲ့အစည်းအရုံးကနေ နုတ်ထွက်ခဲ့တာဖြစ်တယ် လို့မိသားစုဝင်ကပြောပါတယ်။ဖတ်ရှူ့ပေးကြ
တဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credt