ချစ်လှစွာသော ပရိသတ်ကြီးရေ မော်ဒယ်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာကြတဲ့ အေးဝတ်ရည်သောင်း တို့ ညီအစ်မတွေလို့ဆိုလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲနော်… ညီအစ်မ ၃ ယောက်လုံးကလည်း ချောလဲချော အသားအရည်လေးလဲ လှတဲ့အပြင် လူတိုင်းအားကျရလောက်တဲ့ ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြတာကြောင့် အပြစ်ပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ ဖြစ်ပါတယ်။ အေးသောင်း ကတော့ အနုပညာလောကကနေ ခနပျောက်သွားပြီးနောက်မှာတော့ မြန်မာဆန်ဆန်လေးနဲ့ လှပကျက်သရေရှိစွာနဲ့ ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက ချစ်မြဲချစ်ဆဲပါပဲနော်…

အေးသောင်း ရဲ့အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်း ကတော့ ပြည်ပမှာနေထိုင်နေပေမဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်မသွားသူလေးပဲ ဖြစ်ပါတယ်။ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ မအေးသောင်းက ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီးလက်ရှိမှာဆိုရင်ဘေးကင်းလုံခြုံတဲ့တစ်နေရာမှာ ရှောင်ပုန်းနေရတာဖြစ်ပါတယ်။ အခုလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ အနုပညာရှင်တွေလည်းများစွာရှိနေတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်းရှိလာနေတာဖြစ်ပါတယ်...။

အခုလိုအခြေအနေတွေကြောင့် ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်နေတဲ့ မအေးသောင်း ကို ပရိသတ်တွေအားလုံးကသတိရနေကြတာဖြစ်ပြီး ဘေးကင်းစေဖို့အတွက်လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်….။ အခုတော့လည်း ၅၀၅ ဖျက်သိမ်းခံရတဲ့ အနုပညာရှင်(၂၄) ဦးတွင် မအေးသောင်း ပါခဲ့ပါတယ်နော်။မအေးသောင်း ကတော့ လက်ရှိအချိန်မှာ နေအိမ်သို့ မပြန်သေးဘဲဘေးကင်းရာအရပ်တွင် နေထိုင်နေဆဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က အေးဝတ်ရည်သောင်း ရဲ့ Facebook Page တွင်ဓာတ်ပုံတစ်ချို့ကို ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သူမကို စိတ်ပူနေတဲ့ ပရိသတ်ကြီးအတွက် ရောက်တဲ့အရပ်မှာ အဆင်ပြေပြေရှိနေကြောင်းကို ပုံနှင့်တကွ ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်...။

မအေးသောင်း မှလည်း ” စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ အမြဲဆုတောင်းပေးတယ် ရောက်ရာအရပ်မှာပျော်အောင် နေတတ်တဲ့အကျင့်လေးလည်းကျင့်ထားတယ်။ ” ဆိုပြီး လက်ရှိနေထိုင်ဖြစ်နေတဲ့ပုံစံလေးကို ရေးသားပြောပြထားပါသေးတယ်။ ပရိသတ်တွေကလည်း အရေးကြုံတိုင်း ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုအားပေးစကားလေးပြောပေးကြပါအုံးနော်…

Credit