


Credit – Cele Zone
Photo – Wai Lu Kyaw

ချစ်လှစွာသော ပရိသတ်ကြီးရေ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်လာတဲ့ ဦးချစ်စရာ ကတော့ မကြာခင် ရက်ပိုင်းက အောက်ဆီဂျင်တွေ ရုတ်တရက် ထိုးကျခဲ့တာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းကနေပြီး အောက်ဆီဂျင်အိုးများ သွားရောက် ဌားရမ်းတပ်ဆင်ပေးခဲ့ရပါတယ်… ။

အောက်ဆီဂျင်တွေ ကျပြီး နောက်ရက်မှာပဲ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဆေးရုံကို ရုတ်တရက် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ် ။ ဦးချစ်စရာ ရဲ့ ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်တာကြောင့် ဝေဠုကျော် ကပဲ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ် …။

အခုလည်း ဦးချစ်စရာ ရဲ့ ကျန်းမာရေး အခြေအနေကို ဗီဒီယိုရိုက်ကာ သူရဲ့ပေ့စ်လေးမှာ ဖော်ပြထားပါတယ် ။ အောက်ဆီဂျင်တော့ လောလောဆယ် ရှူနေရသေးတာကိုတွေ့ရပြီး ဦးချစ်စရာ အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးရင်း ဒီဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်… ။

Credit – Cele Zone
Photo – Wai Lu Kyaw