


Credit

ချစ်လှစွာသော ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကျဲ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်းစိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။ အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်…။

အဆိုတော်ချမ်းချမ်း ကတော့ မြန်မာပြည်မှာကျန်ခဲ့တဲ့ သမီးကြီးကိုလည်း လွမ်းနေရင်း သမီးငယ်လေးအပေါ်မှာလည်း အရမ်းကိုချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတာ ဖြစ်ပါတယ်နော်..တစ်ခါတစ်လေမှာလည်း သမီးငယ်လေးရဲံချစ်စရာကောင်းတဲ့ ပုံလေးနဲ့ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်ကြီးအတွက် တင်ပေးနေကြဖြစ်ပါတယ်. အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအ‌တွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကူညီနေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ သတင်းပြန့်နေတဲ့ D Dayကြောင့် ပြည်သူတွေဘက်က တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်ဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်. ..။

ပြည်သူတွေဘက်ကလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်နေကြာတဲ့အထဲမှာ ချမ်းချမ်းတစ်ယောက်လည်း အပါအဝင်ပါနော်.. ဒီနေ့လေးမှာတော့ ချမ်းချမ်းက ” စက်ဘီးစီးတတ်သွားပြီ ဒီနေ့ သူများတွေအတွက် မထူးဆန်းပေမဲ့ ကိုယ့်အတွက်တော့ အောင်မြင်မှုတစ်ခုပဲ.. အဓိဌာန်ပြုပြီးကို စီးသင်တာနော်..စခတွေကို နိုင်ပါရစေသား ဆိုပြီးသင်တာ.. ၂ ပတ်မှာ စီးတတ်သွားပြီ ” ဆိုပြီး ပျော်ရွင်စွာရေးသားပြီး Myday မှာတင်လာခဲ့ပါတယ်။ ချမ်းချမ်းလိုပဲ ပြည်သူအားလုံးဒီလိုမျိုး နိုင်ချင်စိတ်လေးရှိနေမှာ အသေအချာပပဲနော်.. ပရိသတ်ကြီးလည်း ချမ်းချမ်းလို သစ္စာဆိုပြီး အောင်မြင်ကြပါစေနော်…။

Credit