


Credit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ် မင်းသားချော ကောင်းပြည့်နဲ့ သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေး သန္တာဗိုလ်တို့ စုံတွဲလေးကတော့ ပရိသတ်တွေ သဘောကျနှစ်သက်ပြီး လိုက်ဖက်ညီလှတဲ့ စုံတွဲလေးပါ။ နှစ်သက်တမ်းတွေကြာနေတာတောင် တစ်ယောက်နဲ့ တစ်ယောက် အချစ်မပျက်တာကြောင့် ပရိသတ်တွေက သဘောကျနေရတဲ့ စုံတွဲလေးပါ..။

ဒီနေ့စက်တင်ဘာလ (၂၆) ရက်နေ့လေးကလည်း ပရိသတ်တွေရဲ့အချစ်တော် ကောင်းပြည့်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ကောင်းပြည့်ကအသက် (၃၃) နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ ကောင်းပြည့်ရဲ့ (၃၃) နှစ်ပြည့်မွေးနေ့လေးအတွက် “ 𝙷𝚊𝚙𝚙𝚢 𝟹𝟹𝚛𝚍 𝚋𝚒𝚛𝚝𝚑𝚍𝚊𝚢 𝙺𝚘 ” ဟုဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်..။

မွေးနေ့ဆုတောင်းလေးနဲ့အတူ ချစ်သူသက်တမ်းတလျှောက် ရိုက်ကူးထားတဲံ အမှတ်တရပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒီနေ့မှ မွေးနေ့ကျရောကတဲ့ ကောင်းပြည့်ရဲ့မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Thandar Bo