


Source: Shwe YeeKo Oo

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောက မှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကောင်းပေါင်း များစွာကို ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်ရရှိခဲ့တဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး ဖွေးဖွေးဟာဆိုရင် အောင်မြင်မှုတွေနဲ့အနုပညာလမ်းကြောင်းမှာ ‌အောင်မြင်လာ ခဲ့တာ ယနေ့ထိတိုင်ပါပဲ။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင် လည်းဖွေးဖွေးကပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်..။

အဲ့ဒီလို လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅ (က)နဲ့ ဝရမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ ထွက်ပြေးတိမ်ရှောင်စဉ်ကာလမှာဖွေးဖွေးရဲ့အဖွားဖြစ်သူလည်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ အဖွားကွယ်လွန်သွားတာ မကြာခင်မှာပဲ ထပ်ပြီးတော့ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူမကိုယ်တိုင်က ကိုဗစ်ရောဂါကူးစက်ခံနေခဲ့ရပါတယ်။ အိမ်ကိုလွမ်းတဲ့အ​ကြောင်းလေးကိုလဲမကြာခဏဆိုသလိုသူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလာခဲ့ပါတယ်..။

အခုတစ်ခါမှာဆိုရင်လဲ သရုပ်ဆောင်ဖွေးဖွေးက သူမနဲ့အတူ နေထိုင်နေတဲ့ တောထဲက သူငယ်ချင်းလေးနဲ့ မိတ်ဆက်ပေး လာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သဘာဝရဲ့အကောင်လေးတွေနဲ ရင်းနှီးနေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်ကြီးလည်း ချစ်ပေးကြပါအုံး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit:Cele World