


Credit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မိုင်ရဲ့ ခင်ပွန်း၊ အဆိုတော် ရတနာမိုင်ရဲ့ ဖခင်ကြီး ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းကကွယ်လွန်သွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ ဒီသတင်းကြောင့် ပရိသတ်ေ တွလည်း ရတနာမိုင်တို့ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်..။

ရတနာမိုင်ကတော့ ဖခင်ကြီးအပေါ်သိတတ်လိမ္မာလွန်းလှတဲ့ သမီးတစ်ယောက်ပီသစွာ ဖခင်ကြီးရှိစဉ်ကလည်း တာဝန်ကျေပွန်လှတဲ့အပြင် ကွယ်လွန်သွားပြီးချိန်မှာလည်း ဖခင်ကြီးအတွက်ရည်စူးပြီး ကောင်းမှုတွေပြုလုပ်ပေးနေခဲ့ပါတယ်။ ဖခင်ကြီးကိုလည်း လွမ်းဆွတ်တမ်းတနေပြီး ဖခင်ကြီးကို ပြောစရာ စကားတွေ များစွာရှိနေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲံပါတယ်..။

“ ဖေကြီးကိုအရမ်းချစ်တယ် ပြောချင်တာတွေတော့ရင်ထဲမှာအများကြီးပဲ အချိန်နောက်ပြန်ရစ်လို့ရရင် ဖေကြီးနဲ့ စကားတွေအများကြီးပြောချင်သေးတယ် ” ဟုဆိုပြီး ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဖခင်ကြီးကို ဆုံရှုံးလိုက်ရတဲ့ မိုင်လေးကို အားပေးနှစ်သိမ့်စကားတွေပြောပေး ခဲ့ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Yadanar My