


Credit – Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာအပြင် ချစ်စရာသမီးလေးနဲ့ အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ အဆိုတော်စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို လည်လွန်းတတ်လွန်းပြီး နှုတ်ခမ်းစူစူလေးနဲ့ အသည်းယားလောက်အောင် အမြဲချစ်စရာကောင်းနေသူလေးပါ..။

ပရိသတ်တွေ မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ထရက်ရှ ာလေးကတော့ တစ်နေ့ထက်တစ်နေ့ အရမ်းတက်လာပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကိုတော့ ကြည်နူးအားကျနေကြတာ လည်းဖြစ်ပါတယ်..။

အခုလည်း ထရက်ရှာလေးက တစ်နိုင်ငံလုံးက တိုင်းရင်းသားတွေနဲ့ တစ်သားတည်း ထပ်တူရှိနေကြောင်း ကချင်ရိုးရာ ဝတ်စုံလေးဝတ်ကာသက်သေပြလာပါတယ်။ မေမေ စန္ဒီမြင့်လွင်က ထရက်ရှာလေးရဲ့ ပုံရိပ်တွေနဲ့ အတူ ” ကချင်မလေး ပါ မြန်မာနိုင်ငံတခုလုံးမှာရှိတဲ့တိုင်းရင်းသားတွေအားလုံးနဲ့ထရက်ရှာက တစ်မိသားစုထဲပါပဲနော် အားလုံးချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ဘယ်လိုအခက်အခဲတွေပဲလာလာ အားတင်းပီးကျော်ဖြတ်ကြမယ်နော် မငိုပါနဲ့မငိုလိုက်ကြပါနဲ့ အားတင်းထားကြပါနော် ” ဟုဆိုတဲ့ အားပေးစကားလေးကို ရေးသားဖော်ပြ ထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Sandy Myint Lwin