


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်နေခြည်ရွန်းလဲ့ ကမြန်မာနိုင်ငံကအခုဆိုရင်မြေကြီးထဲဝင်နေပြီ ဆိုတဲ့အကြောင်းကိုသူမရဲ့ခံစားချက်တွေနဲ့ အခုလို​ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ နေခြည်ရွန်းလဲ့က ဒီနိုင်ငံကြီးကမြေကြီးထဲဝင်နေပြီ ၊နောက်နေ့အတွက်မပြောနဲ့ ၊ဒီနေ့တောင်ဒီနေ့မနက်နဲ့ညနေနဲ့မတူတော့ဘူး ၊စားသောက် ဖို့မသေချာတော့တဲ့ဘဝ၊

လူလတ်တန်းစားတွေတောင် စားသောက်ဖို့မနည်းရုန်းကန်နေရတယ် ၊နေခြည်ကအလုပ်မရှိတည်းက အခြေခံလူတန်းစားဖြစ်နေခဲ့ပြီးပြီ ၊နေခြည်လည်းပျော်ချင်ရင်သိပ်ရတာပေါ့။ နေခြည်တို့ရဲ့ အနာဂတ်တွေကိုလွှင့်ပစ်လိုက်မယ်၊ မိဘကိုလုပ်ကျွေးချင်တဲ့ စိတ်လေးထပ်လွှင့်ပစ်လိုက်မယ် ၊အကြီးဆိုတော့အငယ်ပေါ်တာဝန်ယူမယ့်စိတ်တွေလွှင့်ပစ်လိုက်မယ်..။

ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေလွှင့်ပစ်လိုက်မယ်ဆိုရင် ပျော်နေလို့ရတာပေါ့၊ ဒါပင်မယ့် ဒါတွေအားလုံးဖြစ်ရတာ ဘာကြောင့်လဲဆိုတာတစ်ချက်သတိရကြပါ။ အာ့တာကို ဒီအချိန်မှာပျော်တာလည်းပျော်ကြပေါ့၊ သူများလွတ်လပ်ခွင့်လည်းမပိတ်ချင်ပါဘူ း၊ဘာလို့ပျော်နေကြတာလဲတော့နေခြည်နားမလည်တော့ဘူး ဟုဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်။ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit