


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အကယ်ဒမီ မင်းသမီးကြီး မျိုးသန္တာထွန်း ကတော ကျက် သရေရှိပြီး အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မျိုးသန္တာထွန်းက ချစ်ရတဲ့မိသားစုနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေ ထိုင်တဲ့သူပါ။ အနုပညာ လောကမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်ခဲ့တာကြောင့် အကယ်ဒမီဆု ကိုလည်း ဆွတ်ခူးရယူ နိုင်ခဲ့တာပဲဖြစ် ပါတယ်။ မမျိုးသန္တာထွန်းရဲ့ အနုပညာ သက်တမ်းကတော့ ဆယ်စုနှစ်များစွာ ကြာနေပြီပဲ ဖြစ်ပါတယ်..။

သူမက အနုပညာ အလုပ်ေ တွထက် စီးပွားရေးဘက်ကို ပိုပြီးတော့ ဦးစားပေးနေတယ်လို့ သိခဲ့ရပါတယ်။ သူမဟာ အနုပညာ လုပ်ငန်းတွေကိုလည်း ရပ်နားထားတာဖြစ်ပြီး ကိုယ်ပိုင် အထပ်သား စက်ရုံလုပ်ငန်းကိုပဲ လုပ်ကိုင် လျှက်ရှိတယ်လို့ သိရပါတယ်။ အကယ်ဒမီ မျိုးသန္တာထွန်းကတော့ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ တစ်သားတည်း ပါဝင်ခဲ့ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၁၉) ရက်နေ့မှာထဲက သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်းကို ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာပဲပါတယ်..။

သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်းက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံ ထားရတဲ့ စာရင်းထဲမှာ ပါဝင်ခြင်း မရှိသေးပေမယ့်လည်း အခုလိုမျိုး ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။ မမျိုးသန္တာထွန်းက လေဆိပ်မှာရုတ်တရက် ဖမ်းဆီးခံခဲ့ရပြီးအခုအချိန်ထိ ၅ လကြော်ကြာမြင့် တဲ့အချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ထိန်းသိမ်းခံခဲ့ရတဲ့ သူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ ပရိတ်သတ်ကြီး လည်း မမျိုးသန္တာအမြန် လွတ်မြောက်ပြီး မိသားစုနဲ့ စုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါဦး။ ပရိသတ်ကြီးလည်း မျိုးသန္တာထွန်းအတွက် ဆုတောင်းစကားလေး ရေးပေးသွားကြပါအုံး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Cele World