Source : Academy Moht Moht Myint Aung
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ မိုးမိုးမြင့်အောင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေချစ်ခင်ခဲ့ရတဲ့ မင်းသမီးကြီးပဲဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုတွေများစွာကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသမီးကြီး မိုးမိုးမြင့်အောင်ကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်မှာ အမြဲဖော်ပြလေ့ရှိပါတယ်..။
အခုလည်း မနေ့က မိခင်ကြီးကွယ်လွန်တာ (၁) နှစ်ပြည့်အတွက် လွမ်းဆွတ်တမ်းတကာ ကြေကွဲနေရကြောင်းကိုလည်း ဝေမျှလာပါတယ်။ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး မိုမိုမြင့်အောင်ကတော့ မနေ့က စက်တင်ဘာလ (၃၀) ရက်နေ့မှာ မိခင်ကြီးကွယ်လွန်တာ (၁) နှစ်ပြည့် နှစ်ပတ်လည်အတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သွားခဲ့တဲ့ (၁) နှစ်တိတိပြည့်မြောက်သွားခဲ့ပေတဲ့လည်း မိခင်ကြီးကို တစ်ရက်မှမေ့မရတဲ့ အကြောင်းကို “ လွမ်းနေရင်းလွမ်းနေရင်း ပါးလေးအပ်ပြီး ရင်ခွင်ငွေ့မရှူရှိက်ရတာ တစ်နှစ်တောင်ပြည့်သွားပါပြီ..။
မာမီရင်ခွင်လေးလွမ်းတသသ လွမ်းလိုက်ရတာ ညနေမာမီက်ိထမင်းခွန့်ချိန် ရောက်ရင် ဘာလုပ်ရမှန်းမသိ ဟိုယောင်ဒီယောင်နဲ့ ထမင်းခွန့်ပြီး ဘုရားအတူတူရှိ ခိုးတယ် လွမ်းလိုက်တာ မာမီ သနပ်ခါးနံ့ သင်းသင်းလေး ရနေတုံးဘဲ။ မာမီ ခွဲခွါသွားတာတစ်နှစ်ပြည့် သမီးတိုတွေ သံဃာတော်တွေဆွမ်းကပ် ဘုန်းတော်ကြီးကျောင်းမှာ လိုအပ်တာလေးတွေဒါနပြုလှုဒါန်းဖြစ်ပါတယ်။ မာမီကောင်းရာဘုံအဆင့်အမြင့် ရောက်ပြီး နိဗ္ဗာန်သို့ အရောက်လှမ်းနိုင်ပါစေ ” လို့ သူမရဲ့ လူမှုကွန်ယက်မှာ လွမ်းဆွတ်တမ်းတကာ ကြေကွဲနေရကြောင်း ရေးသားဖော်ပြထားပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit