


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ ယွန်းဝတီလွင်မိုးရဲ့ တစ်ဦးတည်းသော သားလေး Liam လေးဟာ မြန်မာနိုင်ငံတွင် အဘိုးအဘွားတွေရဲ့ ပြုစုစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့သူပါ။ မိဘနှစ်ပါးလုံးဟာ နိုင်ငံခြားတွင် ကျောင်းတက်နေပြီးသားလေးထံကို ကျောင်းပိတ် ရက်များတွင်သာ လာရောက်တွေ့ဆုံခွင့်ရှိတာ ဖြစ်ပါတယ်..။

သားလေးကို အပြင်မှာ မတွေ့ရတာ နှစ်နှစ်ခန့်ရှိပြီဖြစ်တာကြောင့် ယွန်းဝတီလွင်မိုးခမျာ သတိရလွမ်းဆွတ်နေတာလည်း ဖြစ်ပါတယ်။ Liam လေးဟာလည်း တဖြည်းဖြည်းနဲ့ တီတီတာတာစကားလေးတွေ ပြောတတ်လာပြီးမြင်သူတိုင်းက ချစ်မွှေးပါသူလေးလို့ ပြောစမှတ်တွင်အောင်ကို ချစ်စရာကောင်း သူလေးပါ။ မြေးလေးရဲ့လှုပ်ရှားမှုတိုင်းကိုလည်း ဘွားဘွားမေသူမှ တင်ပေးနေတာ ဖြစ်ပါတယ်..။

အခုမှာတော့ Liam လေးရဲ့ ညဘက်ဖြစ်နေကျ ပုံစံလေးတစ်ခုကို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ယာပေါ်မှာ ထိုင်လျက်သားအိပ်ပျော်နေတဲ့ မြေးလေး Liam ကိုဗီဒီယိုရိုက်ထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း လီလီလုံးလေးရဲ့ ဗီဒီယိုလေးကို အားပေးကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

credit