ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ အဆိုေတာ္ ရဲေနာင္ ကေတာ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကေန ဂီတေလာက သို႔ ေရာက္ရွိ လာခဲ့သူ တစ္ဦး ျဖစ္ပါတယ္။ ခ်ိဳသာလြန္းတဲ့ အသံပိုင္ရွင္ေလးျဖစ္ တာေၾကာင့္ မိန္းကေလးပရိသတ္ေတြ အထူးႏွစ္ၿခိဳက္ အားေပးေနၾကတာပါ။ ရဲေနာင္ကေတာ့ ခ်စ္ရတဲ့ ဇနီးေခ်ာေလး နဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့အိမ္ေထာင္ေရးဘဝေလးကို ရရွိပိုင္ဆိုင္ထားတာလည္း ျဖစ္ပါတယ္။သူ႔ရဲ့ ဇနီးေခ်ာေလးကလည္း အရမ္းခ်စ္ဖို႔ေကာင္းလြန္းၿပီး အိမ္ေထာင္ရွင္မေကာင္း ပီသလြန္းတာေၾကာင့္ ရဲေနာင္တစ္ေယာက္ ၾကည္ႏူးေနရပါတယ္..။

အခုမွာလည္း ခင္ပြန္းျဖစ္သူ အျမဲတမ္း မုန႔္ဖိုးေပးဖို႔အတြက္ မွတ္သားဖြယ္ရာ စာေလးေတြကို ရဲေနာင္ကို Mention ေခၚၿပီး ျပသထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ သူမကို အျမဲတမ္းမုန႔္ဖိုးေပး ရန္အတြက္ ခင္ပြန္းျဖစ္သူအား စကားလုံးလွလွေလးေတြျဖင့္ ပညာသားပါပါ အပီအျပင္ ခ်ဳပ္လိုက္တာျဖစ္ပါတယ္။” “ ဇနီးျဖစ္သူကို မုန႔္ဖိုးေပးပါ “ သင့္ဇနီးဟာ ထက္ျမတ္တဲ့ မိန္းမျဖစ္ရင္ျဖစ္မယ္အေနေအးတဲ့ မိန္းမျဖစ္ရင္ျဖစ္မယ္ေငြထြက္ရွာတဲ့ မိန္းမျဖစ္ရင္ျဖစ္မယ္သင့္ထက္ပင္ ဝင္ေငြပိုေကာင္းတဲ့ မိန္းမျဖစ္နိုင္တယ္ေပ်ာ္ေပ်ာ္ေနတတ္တဲ့ မိန္းမ ျဖစ္ရင္ ျဖစ္မယ္ရစ္တတ္တဲ့မိန္းမ ျဖစ္ရင္ျဖစ္မယ္မမလည္း ျဖစ္နိုင္သလိုညီမေလးလည္း ျဖစ္ရင္ျဖစ္မယ္

ဘယ္လိုျဖစ္ျဖစ္ ေသခ်ာတစ္ခု ကေတာ့ လင္ေယာက္်ားက မုန႔္ဖိုးေပးတယ္ဆိုရင္ ဇနီးမယားတိုင္းက ေပ်ာ္ၾကတာႀကီးပါပဲ “ က်ယ္မေယာက္်ားက သူ႔လစာေတြအကုန္အပ္တယ္ေလ ” …..ဟုဆိုၿပီး ဂုဏ္ဆာတတ္ၾကတာလည္း မိန္းမေတြပဲျဖစ္ၿပီးေတာ့ other income ရွိလို႔စုထား/ ဥ ထားတဲ့အထဲက မုန႔္ဖိုး ျပန္ေပးရင္လည္း အင္မတန္ ၾကည္ႏူးေပ်ာ္ရႊင္ စိတ္ဘဝင္ ျဖစ္ၾကတာ က်ေနာ္တို႔ ခင္မ်ားတို႔ရဲ့ အမ်ိဳးသမီးေတြပါပဲ ခင္ဗ်ာ ” ဆိုတဲ့ စာသားေလးကို ရဲေနာင္ရဲ့ ဇနီးေခ်ာေလးက ေဝမၽွေပးထားတာ ျဖစ္ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ အဆိုတော် ရဲနောင် ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောက သို့ ရောက်ရှိ လာခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ချိုသာလွန်းတဲ့ အသံပိုင်ရှင်လေးဖြစ် တာကြောင့် မိန်းကလေးပရိသတ်တွေ အထူးနှစ်ခြိုက် အားပေးနေကြတာပါ။ ရဲနောင်ကတော့ ချစ်ရတဲ့ ဇနီးချောလေး နဲ့အတူ ပျော်စရာကောင်းတဲ့အိမ်ထောင်ရေးဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။သူ့ရဲ့ ဇနီးချောလေးကလည်း အရမ်းချစ်ဖို့ကောင်းလွန်းပြီး အိမ်ထောင်ရှင်မကောင်း ပီသလွန်းတာကြောင့် ရဲနောင်တစ်ယောက် ကြည်နူးနေရပါတယ်..။

အခုမှာလည်း ခင်ပွန်းဖြစ်သူ အမြဲတမ်း မုန့်ဖိုးပေးဖို့အတွက် မှတ်သားဖွယ်ရာ စာလေးတွေကို ရဲနောင်ကို Mention ခေါ်ပြီး ပြသထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမကို အမြဲတမ်းမုန့်ဖိုးပေး ရန်အတွက် ခင်ပွန်းဖြစ်သူအား စကားလုံးလှလှလေးတွေဖြင့် ပညာသားပါပါ အပီအပြင် ချုပ်လိုက်တာဖြစ်ပါတယ်။” “ ဇနီးဖြစ်သူကို မုန့်ဖိုးပေးပါ “ သင့်ဇနီးဟာ ထက်မြတ်တဲ့ မိန်းမဖြစ်ရင်ဖြစ်မယ်အနေအေးတဲ့ မိန်းမဖြစ်ရင်ဖြစ်မယ်ငွေထွက်ရှာတဲ့ မိန်းမဖြစ်ရင်ဖြစ်မယ်သင့်ထက်ပင် ဝင်ငွေပိုကောင်းတဲ့ မိန်းမဖြစ်နိုင်တယ်ပျော်ပျော်နေတတ်တဲ့ မိန်းမ ဖြစ်ရင် ဖြစ်မယ်ရစ်တတ်တဲ့မိန်းမ ဖြစ်ရင်ဖြစ်မယ်မမလည်း ဖြစ်နိုင်သလိုညီမလေးလည်း ဖြစ်ရင်ဖြစ်မယ်

ဘယ်လိုဖြစ်ဖြစ် သေချာတစ်ခု ကတော့ လင်ယောက်ျားက မုန့်ဖိုးပေးတယ်ဆိုရင် ဇနီးမယားတိုင်းက ပျော်ကြတာကြီးပါပဲ “ ကျယ်မယောက်ျားက သူ့လစာတွေအကုန်အပ်တယ်လေ ” …..ဟုဆိုပြီး ဂုဏ်ဆာတတ်ကြတာလည်း မိန်းမတွေပဲဖြစ်ပြီးတော့ other income ရှိလို့စုထား/ ဥ ထားတဲ့အထဲက မုန့်ဖိုး ပြန်ပေးရင်လည်း အင်မတန် ကြည်နူးပျော်ရွှင် စိတ်ဘဝင် ဖြစ်ကြတာ ကျနော်တို့ ခင်များတို့ရဲ့ အမျိုးသမီးတွေပါပဲ ခင်ဗျာ ” ဆိုတဲ့ စာသားလေးကို ရဲနောင်ရဲ့ ဇနီးချောလေးက ဝေမျှပေးထားတာ ဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit