


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာဆိုရင် ၁၉၈၈ အရေး အခင်းကာလတုန်းက ရုပ်ဆောင်‌ကျော်ဟိန်းဘယ်လိုနေထိုင်ခဲ့လဲဆိုတာကိုပရိတ်သတ်တစ်ဦးကအခုလိုပြောပြလာခဲ့ပါတယ်။ ကျော်ဟိန်းဒီလိုနေထိုင်တယ်၊ ၁၉၈၈ အရေးအခင်းကာလတုန်းက နိုင်ငံရေးသမားတွေကအနုပညာသည်တွေထံချည်းကပ်အသုံးချကြသည့်အထဲတွင် ကျော်ဟိန်းကိုလုံးဝအသုံးချ၍မရခဲ့ပေ ၊လူထုဟောပြောပွဲတခုသို့ကျော်ဟိန်းကို တက်ရောက်ဟောပြောပေးဖို့ပြောဆိုရာတွင် ကျော်ဟိန်းကလက်မခံပဲငြင်းခဲ့လေသည်..။

အတန်တန်ဇွတ်အတင်းတိုက်တွန်းလာသောအခါ ကျော်ဟိန်းစင်ပေါ်ရောက်သွားလေတော့၏၊ ဘာမှမပြောရသေးဘူး ၊အောက်ကလက်ခုပ်သံတဖြောင်းဖြောင်းနဲ့ဆူညံနေလေပြီ ၊အဲဒီမှာကျော်ဟိန်းကဟန်ပါပါနှင့် ပရိသတ်ကြီးဒီမိုကရစေီဆိုတာ ဘာလဲသိလား၊ ပရိတ်သတ် ၊မသိပါဘူး၊ ဒီမိုကရစေီဆိုတာဘာလဲသိလား ၊ပရိတ်သတ်၊မသိပါဘူး..။

ကျွန်တော်နောက်တစ်ခွန်းထပ်မေးမယ် ၊ဒီမိုကရစေီဆိုတာဘာလဲသိလား ၊ပရိတ်သတ်၊မသိပါဘူး ၊အဲဒီမှာ ကျော်ဟိန်းက ၊အေးခင်းဗျားတို့မသိသလိုကျွန်တော်လည်းဘာမှမသိဘူး ၊ဘာမှမသိတဲ့သူတွေကိုဘာမှမသိတဲ့ကောင်ကပြောနေလို့ ဘာထူးမှာမို့လဲ။ ဒါဘဲ၊ဒါကိုလက်ခုပ် သံကထွက်လာလိုက်သေးသတဲ့ဗျဆိုပြီးတော့ရေးသားဖော်ပြထားပါတယ် ၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းေးပလိုက်ပါတယ်နော်..။

Credit