Source : KhinThazin
ချစ်လှစွာသော ပရိသတ်ကြီးရေ ခင်သဇင် ကတော့ လေယာဉ်မယ် တစ်ဦးဖြစ်ခဲ့ပြီး အနုပညာလောက ထဲကို ဝင်ရောက်လာသူပါ။ သရုပ်ဆောင်ဘက်မှာလည်း ပိုင်နိုင်ကျွမ်းကျင်သလို ပညာရေးမှာလည်း ထူးချွန်တဲ့ဘွဲ့တွေရရှိထားသူတစ်ဦးပါ။ အင်တာဗျူးတိုင်း မှာလည်း ပွင့်လင်းဖော်ရွေစွာ ဖြေကြားတတ်တဲ့ မင်းသမီးတစ်လက် လို့လည်းဆိုရမှာပါ..။
ခင်သဇင်ကတော့ အမြဲအေးဆေး နေတတ်ကာ ကိုယ်ခန္ဓာလှပဖို့ အတွက် workout ကို အမြဲဂရုတစိုက်လုပ်လေ့ရှိပြီး ပရဟိတတွေကိုလည်းအမြဲလုပ်ကိုင်တတ်တဲ့ မင်းသမီးတစ်ဦးပါ။ ပရဟိတတွေ လုပ်လွန်းလို့ တစ်ချို့ကတောင် ပရဟိတမင်းသမီးလေးလို့ခေါ်ဆိုခဲ့ကြတာပါ။ ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့သူလို့လည်း ပရိသတ်တွေက သိရှိထားပါသေးတယ်..။
လက်ရှိ အာဏာသိမ်းမှုအပေါ် မှာလည်း သူမဟာပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတစ်လက်ပါ။ လက်ရှိမှာလည်း အာဏာသိမ်းထားတဲ့စစ်ကောင်စီဘက်က အနုပညာရှင်တစ်ချို့ကိုကြာရှည် စွာဖမ်းချုပ်ထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ကာ ” ဖမ်းဆီးခံထားရတဲ့အနုပညာရှင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်နေပြီ။ ဘာအတွက်နဲ့အာ့လောက် အကြာကြီးတွေဖမ်းထားရ တာလဲကွယ် ” ဟုဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတင်လာခဲ့တာပါ။ ပရိသတ်ကြီးလည်းဖမ်းဆီချုပ်နှောင်ခံထားရတဲ့အနုပညာရှင်တွေအမြန်ဆုံးပြန်လွတ်ဖို့ ဆုတောင်းပေးခဲ့ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိ်ုက်ပါတယ်နော်..။
Credit:CeleKhitThit