


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ လူငယ်ပီပီ ကြိုးစားချင်တဲ့ စိတ်ဓာတ်တွေကြောင့် ပရိသတ်တွေလက်ခံလာပြီး အောင်မြင်မှုလမ်းစမှာရောက်ရှိနေတာကတော့ သရုပ်ဆောင်မင်းထိုက်ပဲဖြစ်ပါတယ်။ သူကတော့နာမည်ကျော်သရုပ်ဆောင် နေမျိုးအောင်ရဲ့သားလည်းဖြစ်ပါတယ်။ အဖေရဲ့အနုပညာသွေးတွေကြောင့်လည်း ခုလိုအချိန်တို အတွင်းမှာ ပရိသတ်တွေလက်ခံရလောက်တဲ့အထိအောင်မြင်နေတာပါ..။

သူတို့မိသားစုလေးဟာ ပျော်ရွှင်ကြည်နူးစရာကောင်းတာကြောင့် ပရိသတ်တွေလည်းအားကျနေရတာပါ။ အမေဖြစ်သူကလည်း အာဗြဲစိန် facebook acc နဲ့ ဟင်းချက်နည်းတွေတင်ပေးလေ့ရှိပြီး ပရိသတ်အခိုင်အမာနဲ့အောင်မြင်နေတာပါ။ သူကတော့မနေ့ကအပြင်သွားချိန်မှာ ကြုံခဲ့ရတဲ့ထိတ်လန့်မှုတစ်ခုကိုလူမှုကွန်ရက်မှာ တင်ထားခဲ့တာပါ..။

သူကတော့ကိစ္စတစ်ခုကြောင့်အပြင်သွားနေချိန် လှည်းတန်းတစ်နေရာမှာကားကိုရပ်ထားခဲ့တာဖြစ်ပါတယ်။ သူကလှည်းတန်းမှာ Tatoo သွားထိုးခဲ့တာဖြစ်ပြီး အဲ့ချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်သွားခဲ့ပြီးသူ့ရဲ့ကားမှန် ၂ ချက်နဲ့ ဘော်ဒီတစ်ခုလုံးဗုံးထိသွားခဲ့တာပါ။ ပရိသတ်ကြီးလည်း အပြင်သွားရင်ဂရုစိုက်ဖို့မှာရင်း ဗုံးထိခဲ့တဲ့ မင်းထိုက်ရဲ့ ကားထိခိုက်မှု video လေးကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit