


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဇာတ်ဝင်ခန်းတိုင်းမှာပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ဖြူစင်ရိုးသားတဲ့ စိတ်ဓာတ်လေးတွေကြောင့်အချစ်တွေပို​နေရတာကတော့ သရုပ်ဆောင်စည်ဖြိုးပဲဖြစ်ပါတယ်။ သူသရုပ်ဆောင်တဲ့ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေကိုခံစားမှုရသတွေပေးနိုင်တာကြောင့်ချစ်နေရတာပါ။ ဆင်းရဲ ချမ်းသာမရွေး မာနမထားပဲ ကူညီတက်တဲ့စိတ်ဓာတ်လေးတွေကြောင့် အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ပေးနေတာပါ..။

သူကတော့လက်ရှိအချိန်မှာ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ။ ချစ်ဇနီးလေး ခင်လွှမ်းကလည်း ပရိသတ်အချစ်တော်တစ်​ယောက်ဖြစ်တာကြောင့် သူတို့မိသားစုလေးကိုချစ်ပေးရတဲ့သူတွေနဲ့ပြည့်နေတာပါ။ စည်ဖြိုးဟာအရင်ကလည်းမိသာစုကိုအချိန်ပေးတက်တဲ့သူဖြစ်ပြီး သားလေးမွေးဖွားပြီးနောက်ပိုင်းမှာတော့ မိသားစုကိုပိုအချိန်ပေးနေတာဖြစ်ပါတယ်..။

သူတို့မိသားစုပုံရိပ်လေးတွေ သားလေးရဲ့ပုံရိပ်လေးတွေကိုလည် းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ခုမှာလည်း ဇနီးဖြစ်သူ ခင်လွှမ်းက စည်ဖြိုးတစ်ယောက် ကလေးဆော့တဲ့အရုပ်လေးကိုဆော့နေတဲ့ Video ဖိုင်လေးတင်ပြီးဆေးထိုးလိုက်တာဖြစ်ပါတယ်။ သားလေးဆော့တဲ့အရုပ်လေးကို ဖေဖေစည်ဖြိုးဘယ်လိုတောင်ဆော့နေလဲဆိုတာကတော့ အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit