


Credit– Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင် ထားပြီး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ ကြားထဲကနေ သမီးလေး Treasure ကိုလည်း သေချာဂရုစိုက် စောင့်ရှောက်ပေးတဲ့ မိခင်ကောင် းတစ်ယောက်ဖြစ်ပါတယ်..။

Treasure လေးကတော့ ဖေဖေ မေမေရဲ့ အသည်းနှလုံးလေးဖြစ်ပြီး ပြည့်ပြည့်စုံစုံနေရတဲ့ ကလေးလေးဖြစ်ပါတယ်။ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း တစ်ဦးတည်းသောသမီးလေးကို အချစ်တွေပုံပေးထားကြတာပါ။ သူတို့ရဲ့ မိသားစု ပုံလေးတွေကိုလည်း ပရိသတ်တွေ အတွက် အမြဲဖော်ပြလေ့ရှိပါတယ်..။

ဒီရက်ပိုင်းမှာတော့ ထရက်ရှာလေးက ဖေဖေ Tennis ဆော့ကစားတာကို လိုက်ပေးရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ အခုလည်း ထရက်ရှာလေးရဲ့ Tennis ကွင်းက လှုပ်ရှားမှု ဗီဒီယိုလေးကို စန္ဒီမြင့်လွင်က ဝေမျှလာပါတယ်။ ဗီဒီယိုလေးနဲ့အတူ ” ထရက်ရှာ အခုဆို Tennis ကစားဖို့ အစပျိုး ကွင်းနဲ့ရင်းနှီးအောင် လို့ သူအဖေက ခေါ်သွားဖြစ်ပါတယ် သူတို့လေးတွေကအိမ်ထဲမှာပဲနေနေရလို့ တစ်ပါတ်တစ်ခါလောက်တော့အပြင်ခေါ်ရတာပေါ့နော် Treasure’s tennis vlog လေးကြည့်ပီးအမောတွေပြေနိုင်ကြပါစေ ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်..။

Photo – Sandy Myint Lwin