



Source: Yan Aung

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အကယ်ဒမီဆုများရှင်ရန်အောင်ကတော့ အနုပညာရှင်သက်တမ်းတစ်လျှောက်မှာ မသိသူမရှိရအောင် အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ရန်အောင်ကတော့ လူကြီးလူငယ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်သူပါဝင်သရုပ်ဆောင်တဲ့ဇာတ်လမ်းတိုင်းကို အားပေးကြတာ ဖြစ်ပါတယ်။ မင်းသားရန်အောင်ကတော့ အနုပညာဝမ်းစာပြည့်ဝသူတစ်ယောက်ဖြစ်ပြီး ဟာသပိုင်းမှာလည်း ကျွမ်းကျင်သလိုဒရမ်မာပိုင်းမှာဆိုရင်လည်း ပရိသတ်တွေငိုရလောက်အောင် သရုပ်ဆောင်ပိုင်နိုင်သူလည်း ဖြစ်ပါတယ်..။

ခုနောက်ပိုင်းတော့ ရန်အောင်က ဟာသပိုင်းတွေကိုပိုပြီးအားသန်လာတာကြောင့် ကလေးတွေရဲ့အသည်းစွဲလည်း ဖြစ်လို့နေပြန်ပါတယ်။ မင်းသားရန်အောင်က အပေါင်းအသင်းလည်းပြေပြစ်သူဖြစ်တာကြောင့် အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း ချစ်ခင်သူတွေပေါများပြီး ပရိသတ်တွေကလည်း အချစ်ပိုနေရတဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ခုမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အာဏာသိမ်းမှုကိစ္စမှာတော့ အနုပညာရှင်တော်တော်များများကတော့ ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့ကြပေမဲ့ ရန်အောင်ကတိတ်ဆိတ်လို့နေခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့ ရက်မှာကျင်းပသွားတဲ့ တီဗီအစီအစဉ်တစ်ခုမှာ ဖျော်ဖြေပွဲတစ်ခုကတော့ ရေပန်းစားနေခဲ့ပါတယ်..။

ဒီနေ့လေးမှာတော့ သရုပ်ဆောင်ရန်အောင်ကတစ်သက်လုံး ကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်ကြောင် းအခုလိုပြောပြလာခဲ့ပါတယ်။ သရုပ်ဆောင်ရန်အောင်ကတစ်သက်လုံးကျေးဇူးတင်ထိုက်သူများ၊ နာမကျန်းဖြစ်ချိန်မှာဆေးပေးမီးယူပြုပေးသူ၊ချို့တဲ့ချိန်မှာငွေထုတ်ချေးပြီး ကူညီပေးသူ၊ဒုက္ခရောက်ချိန်မှာ ကိုယ်နှင့်တစ်သားထဲရှိပေးသူ၊ခက်ခဲနေချိန်မှာနောက်ကျောကနေပံ့ပိုးပေးသူ..။

ဘာမျှမရှိချိန်မှာစိတ်မှန်နှလုံးမှန်ဖြင့်မြတ်နိုးသူ၊ မသိနားမလည်နေချိန်မှာစိတ်ပါလက်ပါလမ်းညွှန်းပေးသူ၊သေရေးရှင်ရေးတမျှ အခက်အခဲအကြပ်အတည်းဖြစ်ချိန်မှာစွန့်ခွာမသွားဘဲ နှုတ်၏ဆောင်မခြင်းကိုယ်၏ဆောင်မခြင်းများဖြင့် ကူညီဖေးမစောင့်ရှောက်ပေးသူ။ ကိုယ်ချင်းစာစိတ်ရှိသူ၊လူပီသတဲ့သူများအားလုံးကျန်းမာကြပါစေဆိုပြီးရေးသားလာခဲ့ပါတယ်။ ရန်အောင်ရေးသားထားတဲ့ပို့စ်အောက်မှာတော့ ဝေဖန်မှုတွေမြှင့်တက်နေခဲ့ပါတယ်။ပရိသတ်ကြီးလည်း ရန်အောင်ရဲ့ ကျေးဇူးတင်စကားလေးကိုလည်း ဝေဖန်ပေးခဲ့ကြပါအုံး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Cele World