Credit-CeleGabar
ချစ်လှစွာသော ပရိသတ်ကြီး​ရေ ခေးဆက်သွင်ကတော့ နန်းဆန်တဲ့ အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေနဲ့ အပြူအမူအပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူပါ။ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရရင်ရသလိူ အလှူဒါန လေးတွေပြုလုပ်တတ်တဲ့ မင်းသမီးလေးဆိုလည်း ဟုတ်ပါတယ်..။
ဒီနေ့မှာလည်း ” အလုပ်လေးတွေ လာအပ်ကြတဲ့သူတွေလည်းရှိပေမယ့်ပြီးခဲ့တဲ့ ၇ လအတော အတွင်းမှာခေးအနေနဲ့ လက်ခံဖို့ ခက်ခဲတဲ့အခြေအနေမို့ replyတွေမပြန်ခဲ့မိပါဘူး..တချို့ကိုတော့အကျိုးအကြောင်းပြောပြခဲ့ပါတယ်..ခုချိန်မှာတော့ ချစ်ရတဲ့သူများနဲ့ မိသားစုတာဝန်အရရောအလုပ်ဝါသနာ အရရောကျဆင်းနေတဲ့ စိတ်ဓါတ်အတွက်ရောအဆင်မပြေတဲ့သူတွေကို နိုင်သလောက်ထက်ပိုတွဲထူချင်တဲ့စိတ်နဲ့ရော Fb post ကြော်ငြာတစ်ချို့လေးတွေကို စီစစ်လက်ခံပြီး တင်မိပါ လိမ့်မယ်ရှင့်… ”
“ အားလုံးရဲ့ စိတ်အခြေအနေကို သိပြီးသားမို့တတ်နိုင်သမျှ အမှားအနည်းဆုံးဖြစ်အောင်အခြေအနေမ အချိန်အခါမသိပဲ မတင်မိအောင်ကြိုးစားပါ့မယ်နော် ” ဟုဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို ခွင့်တောင်းခဲ့တာပါ။ ပရိသတ်ကြီးလည်းအနုပညာအလုပ်တွေရပ်နားထားတာကြာပြီဖြစ်တဲ့ခေးကို အားပေးဝန်းရံပေးကြမယ် ဆိုမှတ်ချက်ပေးခဲ့ပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source- Khay SettThwin