Credit – CeleGabar
Source-ZayThiha
ချစ်လှစွာပရိသတ်ကြီး​ရေ ဦး​ဇေသီဟ ကတော့ ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့နိုင်ငံကျော် မင်းသမီး နန္ဒာလှိုင် ရဲ့အမျိုးသားပဲ ဖြစ်ပါတယ်။ သမီးလေး (၃) ယောက်ကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို နန္ဒာလှိုင် နဲ့အတူဖြတ်သန်းနေတာပါ…။
ဒီနေ့ကျရောက်တဲ့ နိုဝင်ဘာလ(၄)ရက်နေ့ကတော့ ဦးဇေသီဟ နဲ့ နန္ဒာလှိုင်တို့ရဲ့ အိမ်ထောင်သက် (၁၉)နှစ်ပြည့်ခဲ့ပီးပဲ ဖြစ်ပါတယ်။ ” လွန်ခဲ့တဲ့ ၁၉ နှစ် ညနေခင်း တစ်ခုမှာသာယာခဲ့ဖူးတယ်။ ပျော်ရွှင်ခဲ့ဖူးတယ်။ ရင်ခုန်ခဲ့ဖူးတယ်။ဒီနေ့ ၁၉ နှစ်ပြည့်တော့လဲ သာယာနေဆဲ၊ ပျော်ရွှင်နေဆဲ၊ ရင်ခုန်နေဆဲပါ။အဖြေ စကားတစ်ခွန်းက ဒီနေ့အချိန်ထိ ခိုင်မြဲသထက် ခိုင်မြဲလာတဲ့ အကြောင်းရင်းမှန်က နားလည်မှုပါပဲ။ ရာသက်ပန် ရိုးမြေကျဘဝကို တည်ဆောက်နိုင်ခွင့်ရတဲ့ ပထမဆုံး စကားတစ်ခွန်းက ၁၉ နှစ် တောင် ပြည့်သွားပါလား….”ဆိုတဲ့စာလေးနဲ့ အတူ နှစ်ယောက်ပုံလေးကိုတင်လာခဲ့တာပါ…။
အနုပညာရှင်မင်းသမီးတွေထဲမှာ နန္ဒာလှိုင် ရဲ့ အိမ်ထောင်ရေးကတော့အမျိုး​သမီးတွေအားကျရတဲ့အထဲက တစ်ယောက်ပါပဲနော်။ အိမ်ထောင် သက်တွေအများကြီးကြာပေမယ့်လည်းသမီး၃ယောက်ရတဲ့အထိ ရိုမန့်တစ်ဆန်လွန်းတဲ့ ခင်ပွန်းသည် ကိုပိုင်ဆိုင်ထားသူလို့လည်းဆိုရမှာပါ။ပရိသတ်ကြီးလည်းနန္ဒာလှိုင်တို့အိမ်ထောင်သက် ၁၉နှစ်ပြည့်အတွက်ဆုမွန်ကောင် းတောင်းပေးခဲ့ပါဦးနော်…။
Credit – CeleGabar
Source-ZayThiha