Source: Paing Phyo Thu
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဒီတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ ဘယ်တော့မှာအိမ်ပြန်လို့မရတော့တဲ့သူတွေရှိတယ် အိုးပစ်အိမ်ပစ် တောခိုသွားရသူတွေရှိတယ် အိုးအိမ်စွန့်ခွာ ပုန်းနေပြေးနေရသူတွေရှိတယ် ကိုယ့်ပင်ကိုယ်အသက်မွေးဝမ်းကြောင်းတွေကိုစတေးပစ်လိုက်ရတဲ့ CDM ဝန်ထမ်းတွေရှိတယ် တော်လှန်ရေး ရက်ရှည်လာလို့ အားလုံးပင်ပန်းလာကြပြီဆိုတာနားလည်ပါတယ် အလှူရှင်တွေ ပမ်းကြရောပေါ့ ဒါပေမယ့် အားမလျှော့လိုက်ကြပါနဲ့ လွှတ်မချလိုက်ကြပါနဲ့ဦး..။
အိမ်မပြန်နိုင်တော့သူတွေရဲ့ အသက်တွေအချည်းနှီးမဖြစ်စေဖို့ အိမ်ကိုစွန့်ခွာလာရသူတွေအိမ်ပြန်နိုင်ဖို့ မိမိ career တွေစတေးခဲ့ရသူတွေလူမှန်နေရာမှန်ပြန်ရောက်နိုင်ဖို့ ဆက်လက်ကူညီပေးကြပါ…ငွေအားနဲ့မကူနိုင်တော့ရင်တောင် အချိန်လေးတွေရရင်ရသလိုပေးလှူပေးကြပါ * Click2donate ရဲ့ daily missionတွေပါဝင်ပေးကြပါ * THADIN app လေးသုံးပြီး သတင်းတွေဖတ်ပေးကြပါ…* game ဆော့ရတာကြိုက်သူတွေအတွက် Su yadanar’s Adventures ,Play2Support , PDF Hero တွေမှာ game တွေဝင်ဆော့ပေးကြပါ..။
တစ်ယောက် လက်လျှော့လိုက်လို့ဘာမှမထူးပါဘူးမထင်ပါနဲ့ အဲ့တစ်ယောက် တစ်ယောက်ချင်းတွေများလာလေလေ တစ်ချို့ တစ်ချို့တွေအတွက်အိမ်ပြန်ဖို့လမ်းတွေဝေးလေလေဖြစ်နေလို့ပါ # အရေးတော်ပုံအောင်ရမည် ” ဟုဆိုပြီး ရေးသားလာခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုပြောသလိုလေး လုပ်ပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိ်ုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Cele World