


Source – Bhone Hlyan
Credit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ ဘုန်းလျှံ ကတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ယောက်ပါ။ ဘုန်းလျှံ ကတော့ ဇနီးချောလေးကို ပိုင်ဆိုင်ထားပြီး ဇနီးသည်ကလည်း ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားတာကြောင့် စုံတွဲလိုက်ကို ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားပါတယ်…။

ဘုန်းလျှံ ကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူတို့ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဝမ်းသာစရာသတင်းလေးတစ်ခုကို အခုလိုပဲ မျှဝေလာခဲ့ပါတယ်။ “မွေးနေ့လက်ဆောင်ဘာပေးမှာလဲမေးတော့..လက်ဆောင်ကအကြီးကြီးပေးလိုက်တာပဲ.အရမ်းဝမ်းသာပါတယ်မိန်းမရေ..ဖခင်ကောင်းတယောက်ပီသစေရမယ်လို့ကတိပေးပါတယ်နော်.love u. ဒီတခါတော့ သေချာပြီထင်တယ်ဗျ.” ဆိုပြီး ဇနီးချောလေးမှာကိုယ်ဝန်ရှိနေကြောင်းကို ဝမ်သာစွာနဲ့ ပရိသတ်တွေကိုလည်း အသိပေး လာခဲ့တာပဲဖြစ်ပါတယ်…။

ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေကလည်း မကြာခင်မှာ ဖခင်လောင်းဖြစ်တော့မယ့် ဘုန်းလျှံအတွက် ဝမ်းသာကြောင်းနဲ့ ဂုဏ်ယူကြောင်း မှတ်ချက်ပေးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေထဲက ဘုန်းလျှံ ရဲ့ပရိသတ်တွေအတွက် ဘုန်းလျှံနဲ့ ပတ်သက်တဲ့ ဒီဝမ်းသာစရာ သတင်းကောင်းလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်…။

Source – Bhone Hlyan
Credit ; CeleZone