


Credit- CeleGabar
Source-KhinHlwam

ချစ်လှစွာသောပရိသတ်ကြီးရေ စည်ဖြိုး လို့ပြောလိုက်တာနဲ့ မော်ဒယ်လ်ခင်လွှမ်း ကိုတွဲမြင်ကြမယ်ထင်ပါတယ်။မနှစ်က နိုဝင်ဘာလမှာ စည်ဖြိုးနဲ့ခင်လွှမ်း တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ နှင့် မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ကျင်းပခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတွေတက်ရောက်ခဲ့ကြတာပါ…။

လက်ရှိမှာတော့ သမီးလေးကိုမွေးဖွားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကိုရရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့” မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်ခဲ့ပါပြီစာရင်းသောက်ရင်းကလေးကိစ္စတိုင်ပင်ကြရင်း🥰HappyAnniversary” ဆိုတဲ့စာလေးနဲ့ Anniversary Dateပြုလုပ်ခဲ့ကြောင်းပုံလေးတွေနဲ့ အတူကြည်နူးဖွယ် Coupleပုံလေးတွေကို ခင်လွှမ်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတင်လာခဲ့တာပါ…။

တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတဲ့စည်ဖြိုးနဲ့ ခင်လွှမ်းရဲ့ ၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှအစပြုပြီး သက်ဆုံးတိုင်လက်တွဲနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ပရိသတ်တွေလည်း စည်ဖြိုးနဲ့ ခင်လွှမ်းအတွက်ဂုဏ်ပြု စကားလေးပြောခဲ့ပါဦးနော်…။

Credit- CeleGabar
Source-KhinHlwam