


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိသတ်တွေက ချစ်စနိုးနဲ့ သုသု လို့ခေါ်ရတဲ့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် မိတ်ကပ်ပြင်ဆင်ဖန်တီးပေးတဲ့နေရာမှာ အရမ်းကိုတော်လွန်း ထက်မြက်လွန်းခဲ့တာကြောင့် အနုပညာရှင်သမားတွေရဲ့ ချစ်ခင်မှုနဲ့အတူ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ မိတ်ကပ်ပြင်ဆင်ပေးတဲ့နေရာမှာ အရမ်းကိုတော်သလို လူပေါင်းသင်းဆက်ဆံရေးမှာလည်း အရမ်းကိုပါးပါးနပ်နပ်နဲ့ ဆက်ဆံရေးကောင်းမွန်လွန်းတဲ့ သူလေးတစ်ယောက်ပါ။ နောက်ပိုင်းမှာ သူမဟာရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတဲ့အထိအောင်မြင်လာခဲ့ပါတယ်။ သုသု ဟာလွန်ခဲ့တဲ့နာရီပိုင်းလောက်က BTS Fan ချစ်သူတွေကို ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး တောင်းပန်စကား ကိုရေးသားလာပါတယ်..။

” BTS ချစ်သူများ သို့ နားလည်မှုလွဲမှားနေခြင်း အပေါ်အထူးတောင်းပန်ပါသည် မနေ့ညကတင်ထားသော ဆံပင်ညုပ်သောသုပိုစ်အောက်မှာ Zane အကောင့်ဖြင့် နိုင်ငံရေးနှင့် ပတ်သတ်သော တိုက်ခိုက်သော လူအများမုန်းစေရန်ရည်ရွယ်ကာ လာရောက် တိုက်ခိုက်ရေး သားမန့်ပါသည် စိတ်အ ရမ်းတို သွားပြီး သူ့ကောင်ကို အမှတ်တမဲ့ ကြည့်၍ မန့်လိုက်မိခြင်းဖြစ်ပါသည် ကိုရီးအဆိုတော်ကိုမဆိုလိုပါ သူ နှင့် ကျမ အပြန်လှန်ပြောခြင်းသာဖြစ်ပါသည် အခုအခါ ထိုအကောင့်မန့်ထားသော မန့်များ မပါလာပဲ့ သု သူကိုမန်းရှင်းထားသော မန့်တခု သာ ကွက်၍ စခရင်လျော့ဖြင့် BTS ချစ်သူများဖြင့် ရန်တိုက်ပေးနေသည်ကို လွန်စွာ အံဩမိပါသည်.Zaneဆိုသော အကောင့် ရန်လာစ၍ ပြောမိပါသည် ကျမပြောခြင် းသည် Zaneသာ ဖြစ်ပါသည် ကိုရီယား အဆိုတော် အဖွဲ့အားဝေဖန် ပြောဆိုစရာ သု မှာ ဘာအကြောင်းမှမရှိပါ သူတို့က ကမ္ဘာကျော် များသာဖြစ်ပါသည် သူ နဲ့ Zaneဆိုသော အကောင့်ရဲ့ မန့်သာဖြစ်ပါသည်..။

ခုချိန် စိတ်ဖိစီးမှူများ သဖြင့် စိတ်တိုပြီး ပုံကိုသေချာမကြည့်ပဲ ဒေါသကြောင့် Zane အကောင့် ကို သာ မန့်ခြင်းဖြစ်ပါသည် ယခု ရှင်းပြခြင်းကို နားလည်လိမ့်မည်လို့ ယုံကြည်ပါသည် ယခု ကိစ္စနှင့်ပတ်သတ်၍ အတန်ရှင်လည်းမလိုချင်ပါပွဲလည်း မခံပါ အကောင်တု ကို ဒေါသ စိတ်ဖြင့် အမြန်မန့်လိုက်ခြင်းဖြစ်ပါသည် ပုံသေချာမကြည့်မိတာတာ့သု ရဲ့ပေါ့လျော့မှုပါ BTSအဖွဲ့အား စော်ကားလိုစိတ်အလျင်းမရှိပါ မြန်မာနိုင်ငံမှ ကိုရီးယား အဆိုတော် ချစ်သူများအားတောင်း ပန် အပ်ပါသည် ” လို့ ညီညီမောင်(စမ်းချောင်း) ဟာ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထား ပါတယ်။ပရိသတ်ကြီးရေ BTS Fan ချစ်သူတွေကို ပြန်လည်တောင်းပန်လိုက်တဲ့ သုသုရဲ့သတင်းလေးကို ပရိသတ်ကြီးသိရအောင် ပြန်လည်မျှဝေတင်ဆက်ပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

crd