


Credit-CeleGabar
Source – RebeccaWin

ချစ်လှစွာသောပရိသတ်ကြီးရေ အဆိုတော် ရေဗက္ကာဝင်း ကတော့ မြန်မာနိုင်ငံရဲ့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေနားထဲစွဲစေတဲ့ အမျိုးသမီးအဆိုရှင်ထဲက​တစ်ယောက်ပါ။ပရိသတ်တွေအပေါ်မှာလည်းအမြဲတလေးတစားဆက်ဆံတတ်​တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်….။

လက်ရှိမှာတော့ အနုပညာအလုပ်တွေရပ် နားထားတဲ့ ရေဗက္ကာကတော့ အိမ်မှာပဲကိုယ်တိုင် ဝိတ်ချကာ သိသိသာသာ ပြောင်းလဲသွားတဲ့သူမရဲ့ ခန္ဓာကိုယ်ကို ပရိသတ်တွေသိအောင်ချပြလာခဲ့တာပါ။ သူမအနေနဲ့ ကိုဗစ်ကာလမှာလှုပ်ရှားမှုမရှိဘဲအိမ်​မှာနေလိုက်တာကြောင့် ပေါင်၁၅၆ပေါင်ထိ ဝိတ်တက် ခဲ့တာ​ကြောင့် weight loss program တွေဝင်ကာ အခုဆို ရက်၁၂ဝအတွင်းပေါင်၃၀ ကျသွားခဲ့ကြောင်း ပြောပြခဲ့တာပါ…။

အပျိုဖျန်းလေးတစ်ယောက်လို အဆီပိုတွေမရှိတော့ဘဲ မြင်သူတိုင်းအံ့သြကာ သိသိသာသာ ပိန်သွားကြောင်း ပရိသတ်တွေနဲ့မိတ်ဆွေတွေကမှတ်ချက်တွေပေးခဲ့ကြတာပါ။ပရိသတ်ကြီးလည်း ရေဗက္ကာဝင်းရဲ့ အားထုတ်မှုကို ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်…။

Credit-CeleGabar
Source – RebeccaWin