


Credit-CeleGabar
Source – Khine Hnin Wai

ချစ်လှစွာသော ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ကတော့ပရဟိတမင်းသမီးတစ်လက်ဆိုတဲ့အတိုင်း ပရဟိတလုပ်ငန်းတွေကို အမြဲတိုးချဲ့လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ။ အလှူအတန်းတွေကို တရစပ်ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေ ကတော့ လတ်တလောမှာ သူ့ရဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ကိုရောက်ရှိနေတဲ့ကလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့အပြင် အကူအညီတောင်းခံနေတဲ့နေရာတွေကိုလည်း ဆက်တိုက်သွားရောက်လှူဒါန်းလျက်ရှိတာပါ…။

ဒီနေ့မှာတော့ ”ခုနှစ်ရက် သားသမီး အလှူရှင်များ နှင့် စုပေါင်း၍ အကြားအာရုံ ၊အမြင်အာရုံ၊ကိုယ် လက် အင်္ဂါချို့တဲ့သူ အယောက်(၂၀၀) အတွက် တစ်ဦးလျှင် အလှူငွေ (၁)သောင်းကျပ်(စုစု ပေါင်း သိန်း(၂၀) ကျပ် )ကို သဒ္ဓါကြည်ဖြူ စွာ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်..ပီတိ စိတ်လေး ဖြစ်ပေါ် ကြည်နူးရင်း သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်…🙏🙏🙏…”ဆိုတဲ့စာလေးနဲ့ ကြည်နူးဖွယ် အလှူပုံရိပ်တွေကိုဝေမျှခဲ့တာပါ…။

အကျိုးရှိပြီး လိုအပ်နေတဲ့နေရာတွေကိုအမြဲ လှူဒါန်းကုသိုလ်ယူကာ ပရဟိတအကျိုးဆောင်နေတဲ့ခိုင်နှင်းဝေရဲ့ စိတ်သဘောထားကတော့ အပြစ်ပြောစရာမရှိအောင် ဖြူစင်လွန်းလှပါတယ်နော်။ပရိသတ်တွေလည်း ကြည်နူးစရာကောင်းတဲ့ ခိုင်နှင်းဝေရဲ့အလှူကိုမုဒိတာပွားကာ သာဓုခေါ်ခဲ့ကြပါဦးနော်…။

Credit-CeleGabar
Source – Khine Hnin Wai