Credit-CeleGabar
ချစ်လှစွာသော ပရိသတ်ကြီးရေ မြန်မာ့ဇာတ်သဘင်လောကရဲ့ အအောင်မြင်ဆုံး ဇာတ်မင်းသားတွေထဲက တစ်ဦးအဖြစ်နဲ့ ကပြဖျော်ဖြေရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူ စွမ်းဇာနည်ဟာ သရုပ်ဆောင်လောကမှာလဲ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ရိုက်ကူးအောင်မြင်ထားပါတယ်။ ​နောက်ပိုင်းသရုပ်ဆောင်မင်းသားအဖြစ်ကနေ ခနရပ်နားလိုက်ပြီး ဇာတ်သဘင်လောကထဲ ပြန်လည် အားထည့်ပြီး မြန်မာ့ဇာတ်သဘင်စွမ်းရည်ကို ပြသလာခဲ့တာယနေ့အထိပါပဲ..။
မိန်းကလေးပရိသတ်များစွာရဲ့အချစ်ကို ရယူပိုင်ဆိုင်ထားနိုင်ပြီး သရုပ်ဆောင်မင်းသားဘဝဖြစ်စေ ဇာတ်သဘင်မင်းသားဘဝဖြစ်စေ အမြဲတမ်းလိုက်လံအားပေးတဲ့ ခိုင်မာတဲ့ ပရိသတ်ထုကြီးအမြဲရှိနေတာဟာ စွမ်းဇာနည်ရဲ့ အားသာချက်တစ်ခုပါပဲ။ ဇာတ်သဘင်တွေလည်းပြန်ကနေပြီဖြစ်တဲ့စွမ်းကတော့အောင်မြင်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုချိန်မှာ ပြန်လည်ရပ်နားထားတာပါ..။
သူ့ရဲ့အချစ်ရေးဟာဆိုရင်လည်းပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းချပြထားတာပဲ ​ြ​ဖစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်သူလေးရဲ့မွေးနေ့ကို ” HappyBirthday ထာဝရပျော်ရွှင်ပါစေ ” ဟုဆိုတဲ့စာလေးနဲ့ ဆုတောင်းပေးခဲ့တာပါ။ ပရိသတ်ကြီးလည်းစွမ်းရဲ့ချစ်သူမွေးနေ့အတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source-SwamZarni