


Credit-CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ အကယ်ဒမီသရုပ်ဆောင် ခင်ဇာခြည်ကျော် ကတော့ ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုအကြာကနေအားပေးလာကြတဲ့ မင်သမီးကြီးတစ်လက်ပဲ ဖြစ်ပါတယ်။အခုအချိန်ထိလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေအချစ်ပိုနေဆဲ ဝါရင့်မင်းသမီးကြီးပါပဲနော်…။

ပရိသတ်တွေသည်းသည်လှုပ်ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့ သူဆိုလည်း မမှားပါဘူးနော်။ဒီနေ့မှာတော့ ”အသက် ၁၈ နှစ် တုံးက ဆံပင် အတိုပုံ နဲ့ အခု အသက် ၄၅ နှစ် မှာဆံပင် အတို ပုံစံတော့ သိပ် မကွာပေမယ့် ဇရာကတော့စကားပြောသွားပါပြီ😔😔”ဆိုတဲ့စာလေးနဲ့ အတူသူမရဲ့အရွယ်နှစ်ခုကိုယှဉ်ပြလာတာပါ…။

အသက်၄၅နှစ်သာဖြစ်ပေမယ့်တကယ့်ကို နုပျိုအရွယ်တင်လွန်းတာကတော့ မြင်သူတိုင်းချီးကျူးချင်စရာပါပဲနော်။ပရိသတ်တွေထဲမှာရော ခင်ဇာခြည်ကျော်ရဲ့ ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်…။

Credit-CeleGabar
Source – KhinZarChi Kyaw