


Credit – Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ခုကာလမှာ အရာရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကိုယ်တတ်နိုင်တဲ့ နေရာတွေမှာတော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေကြဆဲပါ။ ငွေအားတတ်နိုင်သူက လိုအပ်တဲ့ အရာတွေ လှူဒါန်းပေးနေကြသလို လုပ်အား တတ်နိုင်သူတွေကလည်း စေတနာမေတ္တာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ကာ ပရဟိတ အလုပ်တွေကို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ်..။

တစ်ချို့ကြတော့လည်း ထမင်းဟင်း စတာတွေကို ချက်ပြုတ်ကာ လှူဒါန်း ဝေငှပေးလျက်ရှိတာကို ကြည်နူး ပီတိဖြစ်ရလောက်အောင် တွေ့ရပါတယ်။ ဒီလို လှူဒါန်းကြသူတွေ အထဲမှာ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ။ အခုလည်း အိမ်ခြေ (၁၅၀) စာကို အတိုင်းမသိ ပြုံးပျော် ပီတိဖြစ်စေခဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်..။

ဒါကတော့ ” အိမ်ခြေ (၁၅၀) စာအတွက် အလှုငွေ (၅)ထောင်ကျပ်၊ ဆန်၊ ကော်ဖီမစ်၊အားဖြည့် အချိုရည်များ လှူဒါန်းပေးခဲ့ပါတယ်ရှင်..ခုနှစ်ရက် သားသမီး အားလုံးရဲ့ ဒါန ကုသိုလ် လေးများပဲ ဖြစ်ပါတယ်..သာဓု သာဓု သာဓု ခေါ်ဆိုပေးကြပါရှင်…🙏🙏🙏… ” ဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဝေမျှထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Khine Hnin Wai