


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ် သန္တာလှိုင် ကတော့ အမှန်တရား ကို ချစ်မြတ်နိုးသူ ဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ပြည်သူတွေနဲ့ အတူပူးပေါင်းခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ။ အားပေးသူ Follower များပြားတဲ့ သူမ ရဲ့ ဆိုရှယ် မီဒီယာထက်မှာလည်း လက်ရှိအခြေအနေတွေ ကို အများသိအောင် တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်….။

သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့်လည်း ဝရမ်းပြေးအဖြစ် ရှောင်တိမ်းရင်း ပျော်အောင်နေထိုင်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေပါတယ်နော်…။

သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောတ်မြို့ကို ထွက်ခွာမယ် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA နဲ့ လိုက်ပါဖို့ ရန်ကုန်လေဆိပ်ရောက်လာခဲ့ပြီး လေယာဉ်ပေါ်အတက်မှာ မော်ဒယ်သန္တာလှိုင် တက်ခွင့်မရဘဲ တားဆီးခံလိုက်ရတယ်လို့ အဲ့ဒီခရီးစဉ်နဲ့လိုက်ပါခဲ့သူတစ်ဦးက ပြောပါတယ်…။

Credit