unicode
ချစ်လှစွာသော ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်ယောက်ပါ။ အဆီပိုမရှိကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် မကြာခဏဆိုသလို သူရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုလည်း ဖော်ပြလေ့ရှိပါတယ်..။
သင်ဇာကတော့ ခေတ်လူငယ်ပီပီ ခေတ်နဲ့အညီ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကိုဝတ်ဆင့်လေ့ရှိသလို မြန်မာဆန်ဆန်အဝတ်စားတွေကိုလည်း အချိန်နဲ့နေရာအလိုက်ဝတ်ဆင့်လေ့ရှိပြီး အချိုးအစားကျလှတဲ့ ခန္ဓာကိုယ်ကြောင့် ဘယ်လိုအဝတ်အစားဒီဇိုင်းမျိုးနဲ့မဆို လိုက်ဖက်ညီလွန်းလှတာတော့ ပရိသတ်တွေလည်း သိရှိတဲ့အတိုင်းပါပဲ။ ဒီနေ့မှာလည်း သင်ဇာက မြန်မာဝတ်စုံလေးနဲ့ နန်းဆန်လှစွာလှပနေတဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်..။
သင်ဇာရဲ့ မြန်မာဆန်ပြီး ကျက်သရေရှိလှတဲ့ ဒီပုံလေးတွေကတော့ မြင်တဲ့သူတိုင်း မျက်စိအေးပြီး အကြိမ်ကြိမ်ပြန်ကြည့်ရလောက်အောင်ကို လှပနေခဲ့တာတော့ အမှန်ပါပဲ။ ပရိသတ်ကြီးရေ ကျက်သရေရှိလှတဲ့ သင်ဇာရဲ့ မြန်မာဝတ်စုံလေးနဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလညး် သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit
Source – ThinZar Wint Kyaw