


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင်ယဉ်လတ် ကတော့အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့ အတူကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး၊အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာ၊အပြည့်အဝရရှိထားပါတယ်နော်…။

ဒီနေ့နိုဝင်ဘာ ( ၁၅) ရက်မနက်ပိုင်းမှာပဲ MRTV ရုပ်သံမီဒီယာတွင် “ပန်ချင်ဘူးကွယ် ပန်းနီနီ” သီချင်းသီဆိုခဲ့သည့် သရုပ်ဆောင်ယဉ်လတ် နေထိုင်တဲ့ ဗဟန်းမြို့နယ်ကျိုက်က္ကဆံရပ်ကွက်ရှိ ​နေအိမ်ဗုံး​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ဒေသခံပြည်သူတွေရဲ့သတင်းပေးပို့ချက်အရ သိရပါတယ်…။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိမင်းသမီးယဉ်လတ်နေအိမ်မှာဗုံး​ပေါက်ကွဲခဲ့တာဖြစ်ပြီးလူထိခိုက်မှု့ရှိမရှိကိုတော့ MLN ကအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။ ယဉ်လတ် နေအိမ်ပေါက်ကွဲမှု့မဖြစ်ခင်မှာပဲ ကျိုက်က္ကဆံရပ်ကွက်ပတ္တမြားလမ်းရှိစစ်တပ်သတင်းပေးတဦးဖြစ်တဲ့မျိုးသော်အောင်ဆိုသူလဲ အပစ်ခံခဲ့ရပါသေးတယ်…။

Credit