


Credit-CeleGabar

ချစ်လှစွာသော ပရိသတ်ကြီးရေ ဒီနေ့မှာတော့ လူရွှင်တော်မိုးစက်ဟာသူ့ရဲ့ဆရာဦးသျှန်ထွဏ်းဆီမှာ သီချင်းသွင်းပြီး ပြန်လာချိန်မှာ အနုပညာနယ်ပယ်ကလူတစ်ယောက်ကိုအမှတ်မထင်တွေ့ဆုံကူညီခဲ့​ရကြောင်း ပြောပြဖောက်သည်ချခဲ့တာပါ။ အမြဲလိုလို လမ်းတွေ့ရင်ကြုံရင်ကြုံသလိုကူညီထောက်ပံ့တတ်တဲ့မိုးစက်ကို ပရိသတ်တွေကလည်း တနေ့ထပ်တနေ့ပိုပုအားပေး ဂုဏ်ယူလာကြတာပါ..။

ဒီနေ့ ဆရာဦးသျှန်ထွဏ်းဆီမှာ သီချင်းသွင်းပြီး ပြန်လာတော့ ၊တောင်ဒဂုံ ကွေ့မမှတ်တိုင် နားမှာအသက် (၇၆) နှစ်အရွယ် ကလေးကစားစရာ ရောင်းနေတဲ့ ဘဘ တစ်ယောက်ကို လှူဖို့ သွားလိုက်တယ်။ အဲ့ဒီ ဘဘ ဟာ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အသံတုပညာရှင် ဦးရဲဆွေလေး ပေါ့ဗျာ…ဘဘ က ကျွန်တော့်ကို လုံးဝ မသိရှာပါဘူး ” ဟုဆိုတဲ့စာလေးနဲ့ အလှူငွေ ၁သိန်းလှူဒါန်းခဲ့ကြောင်းပြောပြခဲ့တာပါ..။

ဒါ့အပြင် လှူဒါန်းခဲ့စဉ်ကဗီဒီယိုဖိုင်လေးကို ” #ပီတိဖြစ်ရတဲ့_အချိန်ဆရာဦးသျှန်ထွဏ်း ရိုက်ထားပေးလို့အမှတ်တရလေး ဖြစ်သွားတာပေါ့ဗျာ ” ဟုဆိုတဲ့စာလေးနဲ့ ဗီဒီယို​ဖိုင်လေးတင်လာခဲ့တာပါ။ ပရိသတ်ကြီးရေ အရွယ်ငယ်ပေမယ့် စိတ်ထားလေးရင့်ကျက်ကာ သူတစ်ပါးကိုကူညီတတ်တဲ့ မိုးစက်ရဲ့အလှူလေးအတွက်သာဓုခေါ်ခဲ့ပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source- MoeSat